ျမန္မာႏိုင္ငံမွာ မိုင္းေၾကာင့္ေသေက်ထိခိုက္သူ ၃ လအတြင္း ၁ ရာေက်ာ္ရွိ (ယူနီဆက္)
{{Zawgyi/Unicode}}
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လက္နက္ကိုင္ ပဋိပကၡေတြ ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံမွာ မိုင္းဒဏ္ေၾကာင့္ ဒီႏွစ္ဆန္းမွာပဲ ေသေက်ထိခိုက္သူ ရာေက်ာ္ ရွိခဲ့ေၾကာင္း ကုလသမဂၢက ေျပာလိုက္ပါတယ္။
“ေျမျမႇဳပ္မိုင္းေတြဟာ ၿခိမ္းေျခာက္မႈတရပ္အျဖစ္ ႀကီးထြားလာေနပါတယ္။ ဒီႏွစ္ ပထမ ၃ လ အတြင္းမွာပဲ အရပ္သား ေသေက်ထိခိုက္မႈ ၁၀၀ ေက်ာ္ ရွိေၾကာင္း ယူနီဆက္ကေျပာပါတယ္။” လို႔ နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က ဗုဒၶဟူးေန႔ သတင္းစာ ရွင္းလင္းပဲြမွာ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေျပာသြားတာပါ။
ျမန္မာႏိုင္ငံမွာ လူသားခ်င္း စာနာမႈဆိုင္ရာ ျပႆနာေတြ ပိုမိုဆိုးရြားလာေနၿပီး အရပ္သားေတြ ဆက္လက္ အတိဒုကၡေရာက္ေနၾကရတယ္လို႔လည္း ေျပာပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ လုံျခံဳမႈမရွိတဲ့ အေျခအေနေတြေၾကာင့္ ေနရပ္စြန္႔ခြာရသူ ၆ သိန္းေက်ာ္ အပါအ၀င္ ႏိုင္ငံအႏွံ႔မွာ ဒုကၡသည္ ၉ သိန္းခဲြေက်ာ္ ရွိေနေၾကာင္းလည္း ေျပာပါတယ္။
မၾကာခင္ မုတ္သုန္ရာသီ ေရာက္ေတာ့မွာ ျဖစ္တာေၾကာင့္ ဒုကၡသည္စခန္းေတြနဲ႔ ျဖစ္သလို ေနၾကရတဲ့ ဒုကၡသည္ေတြအတြက္ ရန္ပုံေငြနဲ႔ အကူအညီ မလုံေလာက္မႈေတြဟာ အဓိက စိန္ေခၚမႈေတြ ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။
ဒုကၡသည္ေတြအတြက္ အကူအညီေပးႏိုင္ဖို႔ ႀကိဳးပမ္းမႈေတြ ရွိေပမဲ့လည္း ဘ႑ာေရးနဲ႔ သြားလာဖို႔ အခက္အခဲ စိန္ေခၚမႈေတြ ၾကံဳေနရေၾကာင္းလည္း ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ ဒီႏွစ္အတြက္ စာနာမႈအကူအညီေပးဖို႔ ရန္ပုံေငြအျဖစ္ ေဒၚလာ ၈၂၆ သန္း ေတာင္းခံထားေပမဲ့ ၈ ရာခိုင္ႏႈန္းသာ ရရွိထားေၾကာင္းလည္း ကုလသမဂၢ ေျပာခြင့္ရက ေျပာဆိုခဲ့ပါတယ္။
.....................................................
မြန်မာနိုင်ငံမှာ မိုင်းကြောင့်သေကျေထိခိုက်သူ ၃ လအတွင်း ၁ ရာကျော်ရှိ (ယူနီဆက်)
{{Zawgyi/Unicode}}
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ မိုင်းဒဏ်ကြောင့် ဒီနှစ်ဆန်းမှာပဲ သေကျေထိခိုက်သူ ရာကျော် ရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
“မြေမြှုပ်မိုင်းတွေဟာ ခြိမ်းခြောက်မှုတရပ်အဖြစ် ကြီးထွားလာနေပါတယ်။ ဒီနှစ် ပထမ ၃ လ အတွင်းမှာပဲ အရပ်သား သေကျေထိခိုက်မှု ၁၀၀ ကျော် ရှိကြောင်း ယူနီဆက်ကပြောပါတယ်။” လို့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောသွားတာပါ။
မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ ပြဿနာတွေ ပိုမိုဆိုးရွားလာနေပြီး အရပ်သားတွေ ဆက်လက် အတိဒုက္ခရောက်နေကြရတယ်လို့လည်း ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာရသူ ၆ သိန်းကျော် အပါအဝင် နိုင်ငံအနှံ့မှာ ဒုက္ခသည် ၉ သိန်းခွဲကျော် ရှိနေကြောင်းလည်း ပြောပါတယ်။
မကြာခင် မုတ်သုန်ရာသီ ရောက်တော့မှာ ဖြစ်တာကြောင့် ဒုက္ခသည်စခန်းတွေနဲ့ ဖြစ်သလို နေကြရတဲ့ ဒုက္ခသည်တွေအတွက် ရန်ပုံငွေနဲ့ အကူအညီ မလုံလောက်မှုတွေဟာ အဓိက စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
ဒုက္ခသည်တွေအတွက် အကူအညီပေးနိုင်ဖို့ ကြိုးပမ်းမှုတွေ ရှိပေမဲ့လည်း ဘဏ္ဍာရေးနဲ့ သွားလာဖို့ အခက်အခဲ စိန်ခေါ်မှုတွေ ကြုံနေရကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်အတွက် စာနာမှုအကူအညီပေးဖို့ ရန်ပုံငွေအဖြစ် ဒေါ်လာ ၈၂၆ သန်း တောင်းခံထားပေမဲ့ ၈ ရာခိုင်နှုန်းသာ ရရှိထားကြောင်းလည်း ကုလသမဂ္ဂ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။