သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး ဗြိတိန် ကျွမ်းကျင်သူ ကူညီ


မြေမြုပ်မိုင်း။
မြေမြုပ်မိုင်း။
မြေမြုှပ်မိုင်းတွေကြောင့် လုံခြုံစိတ်ချရခြင်းမရှိသေးတဲ့ ထိုင်းမြန်မာ နယ်စပ် တလျောက် ကရင်ပြည်နယ်တွင်းမှာ ဗြိတိန်နိုင်ငံအခြေစိုက် Nolandmines အဖွဲ့က မြေမြုှပ်မိုင်း ဆိုင်ရာကျွမ်းကျင်သူ Andy Smith နဲ့ အဖွဲ့ဟာ ဒေသခံ ကရင်လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြေမြုှပ် မိုင်းရှင်းရေးတွေ စတင်ဆောင်ရွက်နေပါတယ်။ အပြည့်အစုံကို မအေးမာက သတင်းပေးပို့ ထားပါတယ် ။

ပြည်တွင်းစစ် လက်နက်ကိုင်ပဋိပက္ခတွေ နဲ့ နှစ်ပေါင်း ၆၀ကျော်ကြာခဲ့တဲ့ ကရင်ပြည်နယ်တွင်းမှာ စက်ယန္တယားနဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို မိုးရာသီ မရောက်ခင် စတင်နိုင်ဖို့ စီစဉ်ခဲ့ကြတာပါ။ နယ်မြေဒေသအခြေအနေနဲ့ ကိုက်ညီတဲ့ မိုင်းရှင်းကရိယာတွေကို ကရင်လက်နက်ကိုင်အဖွဲတွေနဲ့ ပူပေါင်းပြီး ပြင်ဆင်နေကြောင်း Nolandmines အဖွဲ့က ဗြိတိန်နိုင်ငံ သား မြေမြုှပ်မိုင်းဆိုင်ရာကျွမ်းကျင်သူ Andy Smith က အခုလိုပြောပါတယ်။

"ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့အတွက် ကရင်ပြည်နယ်မှာရှိတဲ့ ကရင်အမျိုးသားတွေကို သင်တန်းပေးထားပါတယ်။ အခုလုပ်တဲ့စက်ဟာ သူတိုရဲ့လုပ်ငန်းကို ပိုမိုတွင်ကျယ်အောင် တီထွင်ထားတဲ့စက်ဖြစ်ပြီး ဗိုလ်ချုပ် နာဒါးမြနဲ့ တွေ့တယ်။သူရဲ့သဘောတူညီမူလည်း ရတယ်။ ကရင် ငြိမ်းချမ်းရေးကောင်စီရဲ့သဘောတူညီမူတွေလည်း ရခဲ့ပါတယ်။
ကျနော် လုပ်ဆောင်ခဲ့တာကတော့ ကရင် လူအခွင့်ရေး အဖွဲအစည်းတွေက ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေ အစီရင်ခံတွေအရ စိတ်ဝင်စားတဲ့အတွက် လာရောက်လုပ်ကိုင်ခြင်းဖြစ်ပါတယ်။"

ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်မှာသုံးမယ့် စက်ယန္တယားတွေနဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို မိုးရာသီမရောက်ခင် စတင်နိုင်ဖို့ အတွက် နယ်မြေဒေသအခြေအနေနဲ့ ကိုက်ညီတဲ့ မိုင်းရှင်း ကရိယာတွေကို လယ်ယာသုံးစက်အသေးစား (ထော်လာဂျီ) ယာဉ်မှာ တပ်ဆင်အသုံးပြုဖို့ ပြင်ဆင်နေကြပါတယ်။ မြေမြှုပ်မိုင်းဆိုင်ရာကျွမ်းကျင်သူ Andy Smith အတွေ အကြုံတွေကတော့
လက်တွေ့မိုင်းရှင်းရေး ရှာဖွေရေး အစီစဉ် လုပ်ငန်းစဉ်ရေးဆွဲတဲ့သူ ဖြစ်သလို ူ မိုင်းတွေကို စက်နဲ့ဘယ်လိုရှာရမလဲဆိုတာ လေ့လာတဲ့သူလည်းဖြစ်ပါတယ် ဒါအပြင် မိုင်းရှာဖွေရေး သင်တန်းမှာ ထိခိုက်ဒဏ်ရာ မရအောင် ဆောင်ရွက် မူတွေနဲ့ လုပ်ငန်းမှာ ကျွမ်းကျင်သူ နိုင်ငံတကာ မိုင်းလှုပ်ရှားမူ အဆင့်အတန်း သတ်မှတ်ရေး အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။ မိုင်းရှင်းပြီးတဲ့မြေကို ပြန်လည် အသုံးချနိုင်ရန် စီမံခန့်ခွဲရေး လုပ်နိုင်သူ လည်းဖြစ်ပါတယ် ။

မိုင်းရှင်းလင်းရေးပညာရှင် Andy Smith ဟာ နှစ်ပေါင်း (၂၀) ကြာအောင် မိုင်းရှင်းလင်းရေး အတွေ့အကြုံရှိတဲ့ ပညာရှင်ဖြစ်ပြီး သူဟာ အန်ဂိုလာ၊ မိုဆန်ဘစ်၊ ဘော့စနီးယား၊ ခရိုအေးရှား၊ လစ်ဗျား၊ ကမ္ဘောဒီယားနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ မိုင်းရှင်းလင်းရေးဆောင်ရွက်ခဲ့သူဖြစ်တယ်။

အခု ကရင်ပြည်နယ်မှာ အသုံးပြုတော့မယ့် ယန္တယားစက်ဟာ သီရိလင်္ကာနိုင်ငံမှာတုန်းက အတွေ့အကြုံကို နမူနာ ယူထား တာဖြစ်ပြီး မြေမြှုပ်မိုင်းတွေ ရှင်းလင်းပြီးသွားရင်လည်း ဒီ စက်ယန္တယားတွေကို ဒေသခံရဲ့ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပြန်ပြောင်းတပ်ဆင် အသုံးပြုလို့ရအောင် စီစဉ်ထားတာ ဖြစ်တယ်လို့လဲ သူက ပြောပြပါတယ် ။

ကရင်ပြည်နယ်တွင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တစ်သိန်းကျော် ဟာထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာခိုလှုံ နေဆဲဖြစ်ပြီး မိုင်းရှင်းလင်းမှု မရှိသေးတဲ့ နေရပ်ရင်းကို မပြန်လိုကြသေးဘူးလို့လည်း ဒုက္ခသည်တွေ က ပြောဆိုထားတာပါ ။ လက်ရှိမှာလည်း ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည်တွေနေထိုင် ရာနေရာတွေမှာ မိုင်းတွေ ရှိနေသေးတဲ့ အကြောင်း နဲ့ မြန်မာအစိုးရနဲ့ကရင်လက်နက်ကိုင်တွေ ထောင်ထားတဲ့မိုင်းတွေ ရှင်းလင်းမူ မလုပ်သေးပဲ ဒုက္ခသည်တွေကိုပြန်မပို့သင့်သေးဘူးလို့ ကရင် လူအခွင့်ရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာလည်းဖော်ပြထား ပါတယ်။

The Landmine and Cluster Munition Monitorအဖွဲ ့ရဲ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ မြေမြုပ် မိုင်းထိခိုက် ဒဏ်ရာရတဲ့ လူဦရေ အများဆုံးရှိတဲ့နိုင်ငံတွေထဲ တတိယမြောက် ပါဝင် တဲ့ နိုင်ငံတခုအဖြစ် သတ်မှတ်ထားပါတယ်။
XS
SM
MD
LG