သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား၊ ဆူမားတြားကျွန်းမှာ ရေကြီးမြေပြိုမှုကြောင့် ၂၀ ခန့်သေဆုံး


မတ်လ ၉ ရက်နေ့ ဆူမားတြားကျွန်း ရေကြီးမြေပြိုမှု (ဓါတ်ပုံ - AFP)
မတ်လ ၉ ရက်နေ့ ဆူမားတြားကျွန်း ရေကြီးမြေပြိုမှု (ဓါတ်ပုံ - AFP)

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ မိုးသည်းထန်ရွာသွန်းရာက ရေကြီးမြေပြိုမှုတွေကြောင့် ၁၉ ယောက်ထက်မနည်း သေဆုံးပြီး၊ ၇ ယောက် ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

အလေးချိန်တန်နဲ့ချီတဲ့ ရွှံ့တွေ၊ ကျောက်တုံးတွေ၊ အမြစ်ကနေကျွတ်ထွက်ကုန်တဲ့ သစ်ပင်တွေ သောကြာနေ့နှောင်းပိုင်းမှာ တောင်ကျရေနဲ့အတူ ပြိုဆင်းလာခဲ့ပြီး ဆူမားတြားကျွန်း အနောက်ပိုင်းက ကျေးရွာတွေ၊ ကမ်းပါးတွေကို တိုက်စားခဲ့တာဖြစ်ကြောင်း ဒေသခံကပ်ဘေးဒဏ် စီမံခန့်ခွဲရေးဌာန အကြီးအကဲကပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ စနေနေ့မှာ အလောင်း ၇ လောင်း စတွေ့ခဲ့ပြီး နောက်ထပ်တွေ့တဲ့ အလောင်းတွေနဲ့ပါဆိုရင် စုစုပေါင်း ၁၉ လောင်း ရှိသွားပြီလို့လည်း ပြောပါတယ်။ အနည်းဆုံး ၂ ဦး ဒဏ်ရာရခဲ့ပြီး ၇ ဦး ပျောက်ဆုံးနေတယ်လို့လည်း အမျိုးသားကပ်ဘေးဒဏ် စီမံခန့်ခွဲရေးဌာနက ကြေညာချက်ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။

ဆူမာတြားအနောက်ပိုင်းဒေသမှာ စုစုပေါင်း အိမ် ၁၄ လုံး မြေပြိုရာမှာ ပါသွားခဲ့ပြီး ရေကြီးမှုတွေကြောင့် အစိုးရက စီစဉ်ပေးထားတဲ့ ယာယီစခန်းတွေမှာ ခိုလှုံနေတဲ့သူ ၈ သောင်းကျော်နဲ့ အိမ်ခေါင်းမိုးအထိ ရေဘေးသင့်နေတဲ့ အိမ်ခြေ ၂ သောင်းလောက် ရှိတယ်လို့လည်း ပြောပါတယ်။

Forum

XS
SM
MD
LG