သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ် မြေပြို လူ ၁၀၀ကျော် ပျောက်ဆုံး


Sichuan ပြည်နယ်၊ Xinmo ကျေးရွာမြေပြိုကျမှု ( ဇွန် ၂၄-၂၀၁၇)
Sichuan ပြည်နယ်၊ Xinmo ကျေးရွာမြေပြိုကျမှု ( ဇွန် ၂၄-၂၀၁၇)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသမှာ မြေပြိုကျရာက မြေအောက်မှာ နစ်မြုပ်သွားသူ လူပေါင်း ၁၀၀ ကျော်လောက် ရှိလိမ့်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းရာက မြေပြိုကျခဲ့ပြီး၊ Sichuan ပြည်နယ်၊ Xinmo ကျေးရွာမှာ စနေနေ့ မနက်ပိုင်းက အိမ်ခြေ ၄၀ နီးပါး ပျက်စီးသွားခဲ့ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။

တောင်ပေါ်က ပြိုကျလာတဲ့ ရွှံ့မြေတွေ၊ ကျောက်တုံးတွေဟာ မြစ်ထဲမှာ ၂ ကီလိုမီတာလောက်နဲ့ လမ်းပေါ်မှာ ၁ ကီလိုမီတာခွဲကျော် ပိတ်ဆို့နေကြောင်းလည်း အာဏာပိုင်တွေက ပြောဆိုခဲ့ကြတာပါ။ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်အတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေပြီဖြစ်ကြောင်းလည်း ဒေသခံ အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကို လူပေါင်း ၄၀၀ ကျော်နဲ့ ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ ကျေးလက်နဲ့ တောင်ပေါ်ဒေသတွေမှာ မြေပြိုမှု အန္တရာယ်တွေ မကြာခဏ ကြုံရလေ့ ရှိတတ်ပြီး၊ အထူးသဖြင့် မိုးသည်းထန် ရွာသွန်းပြီးနောက်မှာ ဖြစ်ပွားလေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG