သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအို ကာကွယ်ရေးဝန်ကြီး လေယာဉ်ပျက်သေဆုံး


Xiang Khouang ပြည်နယ်၊ Nadee ရွာနားမှာ ပျက်ကျသွားတဲ့ လာအို အစိုးရထိပ်တန်းအရာရှိတွေ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ပျက်အပိုင်းအစ။ (မေ ၁၇၊ ၂၀၁၄)
Xiang Khouang ပြည်နယ်၊ Nadee ရွာနားမှာ ပျက်ကျသွားတဲ့ လာအို အစိုးရထိပ်တန်းအရာရှိတွေ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ပျက်အပိုင်းအစ။ (မေ ၁၇၊ ၂၀၁၄)
လာအို အဆင့်မြင့်အရာရှိကြီးတွေ အပါအဝင် လူ ၂၀ လောက် လိုက်ပါသွားတဲ့ လာအို စစ်တပ်လေယာဉ်တစင်း နိုင်ငံ့မြောက်ပိုင်းမှာ စနေနေ့ အစောပိုင်းက ပျက်ကျခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ လာအို ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ် Douangchay Phichit သေဆုံးသွားကြောင်းလည်း အတည်ပြုပါတယ်။ မြို့တော် Vientiane ရဲ့ မြို့တော်ဝန်လည်း လေယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီး သေဆုံးခဲ့တယ်လို့ VOA လာအိုဌာနက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း အနည်းဆုံး လူ ၃ ဦးလောက် အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ တချို့သတင်းတွေက ပြောပေမယ်လို့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် အနည်းငယ်ပဲ ထုတ်ပြန်ထားပါသေးတယ်။

အရာရှိတွေနဲ့ တခြားလူတွေ လိုက်ပါစီးနင်းလာတဲ့ ရုရှားလုပ် Antonov AN 74-300 လေယာဉ်ဟာ အရင် လာအို ဘုရင့်တပ်ဖွဲ့တွေဆီကနေ အရိုးအိုးများလွင်ပြင်ဒေသ လွတ်မြောက်ခဲ့တဲ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်ဖို့ သွားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG