လာအိုအစိုးရပိုင်လေကြောင်းလိုင်းက ATR- 72 လေယာဉ်ပျက်ကျပြီး လိုက်ပါလာသူ ၄၉ ဦးစလုံး သေဆုံးခဲ့ရတာဟာ ဆိုးဝါးတဲ့ ရာသီဥတုကြောင့်လို့ လာအို အာဏာပိုင်တွေက အပြစ်တင်လိုက်ပါတယ်။ လာအိုလေကြောင်း က ATR- 72 လေယာဉ်ဟာ ဗုဒ္ဓဟူးနေ့မှာ Vientiane မြို့တော်ကနေ တောင်ပိုင်းမှာရှိတဲ့ Pakse မြို့ကို ပျံသန်းနေစဉ် မဲခေါင်မြစ်ထဲပျက်ကျခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေဟာ လာအိုနိုင်ငံသား ၁၇ ဦး၊ ပြင်သစ် ၇ ဦး၊ Australia နိုင်ငံသား ၅ ဦး၊ ထိုင်း ၅ ဦး၊ ကိုရီးယား ၃ ဦးနဲ့ ဗီယက်နမ်က ၂ ဦးတို့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ တရုတ်၊ မလေးရှားနဲ့ ထိုင်ဝမ်က တဦးစီဖြစ်ပါတယ်။