သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းစီမံကိန်း စာချုပ် ပြင်ဆင်ချုပ်ဆို


လက်ပံတောင်းစီမံကိန်း ဖျက်သိမ်းရေးဆန္ဒပြသူများ။
လက်ပံတောင်းစီမံကိန်း ဖျက်သိမ်းရေးဆန္ဒပြသူများ။
အငြင်းပွားစရာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် သတ္တုတွင်း ဝန်ကြီးဌာန မြန်မာစီးပွားရေး ဦးပိုင်လီမိတက် နဲ့ ဝမ်ပေါင် ကုမ္ပဏီ တို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြန်လည် ပြင်ဆင် ချုပ်ပြီး ဖြစ်တဲ့ အကြောင်း သတ္တုတွင်း ဝန်ကြီး ဌာ နပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင် က ဒီနေ့ မှာ တင်ပြခဲ့ပါတယ်၊ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်လို့ လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုတင်ပြထားတဲ့အပေါ် အခြေခံပြီး အခုလိုစာချုပ်ကို ပြင်ဆင်ချုပ်ဆိုပေမဲ့လည်း ဒေသခံတွေကို ချပြပြောဆို တာတွေ မလုပ်ပဲ ချုပ်ဆိုတဲ့အတွက် ပွင့်လင်းမှု မရှိဘူးလို့ လည်း လက်ပံတောင်းဒေသခံတွေ ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန် အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာဖြစ်ပါတယ်။

အငြင်းပွားစရာတွေ ဖြစ်ခဲ့တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး
သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ စီးပွားရေး ဦးပိုင်လီမိတက် နဲ့ ဝမ်ပေါင်
ကုမ္ပဏီ တို့ အကြား စာချုပ်တွေ ပြန်လည် ပြင်ဆင်ချုပ်ဆိုပြီး ဖြစ်တဲ့
အကြောင်း သတ္တုတွင်း ဝန်ကြီး ဌာ န ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် က ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာပြောပါတယ်။

"စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအပေါ် အကောင် အထည်ဖော်ဆောင် ရွက်ရေး ကော်မတီ ပညာရှင်များ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်နဲ့ ဝမ်ပေါင်ကုမ္ပဏီနှင့် ညှိနှိုင်းချက်များ၊ ဆွေးနွေးချက်များ ရယူပြီး ပြင်ဆင်ချက်စာချုပ်ချုပ်ဆိုနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။"

ကြေးနီစီမံကိန်းနဲ့ ပါတ်သက်လို့ လက်ပံတောင်းတောင် စုံစမ်းရေး
ကော်မရှင်ရဲ့ အကြံပြုတင်ပြထားတဲ့အပေါ် အခြေခံပြီး နိုင်ငံတော်ရဲ့
အကျိုးအမြတ် ရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေ နဲ့ လူမှုရေး ဆိုင်ရာ
ထိခိုက်မှုတွေရှိမရှိပေါ်မှာ အခြေတည်ပြီး ပြန်လည်ချုပ်ဆိုခဲ့ တာဖြစ်တယ်လို့ ဒေါက်တာမြင့်အောင် က ပြောပါတယ်။

"ချက်ခြင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေဖြစ်တယ်။ လယ်ယာမြေယာလျော်ကြေးသတ်မှတ်ပြီးတော့ မှာ ကျပ်သိန်းပေါင်း ၂သောင်းကိုးထောင် တစ်ရာခြောက်ဆယ့်နှစ် ပေးလျော်ပြီး နှစ်စဉ်သီးနှံပင်များ နစ်နာကြေး စုစုပေါင်း ၁၃၄၇.၇သိန်း၊ မြေသိမ်းသမားတွေအတွက် ၁၅၅.၀၆သိန်းနဲ့ လျော်ကြေးငွေစုစုပေါင်း ၃၆၃၉.၅၂သိန်း ပေးလျော်ပြီး ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါတယ်။ တခြားလူမှုစီးပွားကဏ္ဍများဖြစ်တဲ့ ပညာရေး၊ ကျမ်းမာရေး ၊ လူမှုရေးကဏ္ဍများမှ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၁၃ခုအတွက် ယခုနှစ်အတွင်း ငွေကျပ်သိန်းပေါင်း သောင်းလေးထောင် သုံးရာငါးဒဿမကိုးသိန်းကို ယာထားဆောင်ရွက်လျက်ရှိပြီး သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အပင်ပေါင်း သုံးသောင်းနှစ်ထောင်ကိုးဆယ်ပင် စိုက်ပျိုးပြီး ပျိုးပင်စုစုပေါင်း တစ်သိန်းနှစ်ထောင်ကျော် ပြုစုပျိုးထောင်ခြင်းတို့ကိုလည်း ဆောင်ရွက်ထားရှိပါတယ်။ သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးမှု မရှိစေရေး အတွက် နိုင်ငံတကာစံချိန်စံနှုန်းများနဲ့အညီ စနစ်တကျဆောင်ရွက်စေရေး အတွက် အသစ်ပြန်လည်ချုပ်ဆိုသော စာချုပ်မှာ ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်ပါတယ် "

အခုလိုလက်ပံတောင်းအရေးနဲ့ပတ်သက်ပြီး စာချုပ်တွေပြန်လည်ချုပ် ဆိုခဲ့ပေမဲ့လည်း လက်ပံတောင်းတောင် အတွင်းမှာရှိတဲ့ ဒေသခံတွေ က နေ့စဉ်လိုလို ဆန္ဒပြတောင်းဆိုမှုတွေ ရှိနေတာဟာ လက်ပံတောင်းတောင် စီမံကိန်း ဖြေရှင်းပေးနေမှု မှာ လိုအပ်ချက်တွေ ရှိနေတယ် ဆိုတာကို ပြသနေတာလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က သုံးသပ်ပါတယ်။

"ကျနော်တို့အမြင်မှာတော့ အဲ့ဒီ့မှာ လောလောဆယ် ဆန္ဒထုတ်ဖော် တာတွေ နေ့စဉ်လိုလို ကြားနေရတော့ ဒါတခုခု အားနည်းချက် ရှိမလားလို့ ကျနော်တို့ စဉ်းစားမိတယ်။ ဆိုလိုတာ က လျော်ကြေးပေးတာတွေ နည်းရင် နည်းမှာပေါ့။ နောက်ဒီ့ပြင် ဒေသခံတွေ မကြိုက်တဲ့ အခြေအနေမျိုးတွေ ရှိနေဦးမယ်လို့ ကျနော်တို့က ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းလိုလိုပဲ သူတို့က မကျေနပ်တာတွေ ထုတ်ဖော်ဆန္ဒပြနေတယ်၊ ကန့်ကွက်နေတယ်ဆိုတော့ ဒါသူတို့ဘက်က လုပ်ဆောင်ချက်တွေ မလုံလောက်သေးဘူးလို့တော့ ယေဘူယျအားဖြင့် မှတ်ချက်ချလို့ရတာပေါ့နော်။"

လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်က လက်ပံတောင်းတောင် စီမံကိန်း နဲ့ပတ်သက်ပြီး စာချုပ်တွေ ပြန်လည် ပြင်ဆင်ချုပ်ဆိုဖို့ အကြံပြုချက်ပေး ထားခဲ့ပြီးနောက်မှာ သတ္တုတွင်းဝန်ကြီး ဌာနက စာချုပ်ကို ပြန်လည် ချုပ်ဆိုခဲ့ပေမဲ့လည်း ဘာတွေ ပြင်ဆင် ချုပ်ဆိုခဲ့တယ်ဆိုတာကို ဒေသခံတွေ ကို ပွင့်ပွင့်လင်းလင်း မချပြတာဟာ ပွင့်လင်းမှုမရှိသေးတာ ဖြစ်တယ်လို့ လက်ပံတောင်းဒေသခံ မသွဲ့သွဲ့ဝင်းကပြောပါတယ်။

"ဒေသခံတွေကို ဒီစာချုပ်ချုပ်မယ်ဆိုတာလည်း မပြောပြဘူး။ ဒီစာချုပ်နဲ့ပတ်သက်ပြီးလည်း ပွင့်လင်းမြင်သာအောင် မပြောဘူး။ ဘယ်နေ့ ဘယ်ရက်မှာ စာချုပ်ချုပ်ဆိုမယ်ဆိုတာလည်း ကြိုမပြောဘူး။ စာချုပ်ထဲမှာပါတဲ့အချက်အလက်တွေလည်း ကျမတို့ အခုချိန်အထိ လုံးဝ မသိရဘူး။"

လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေက စီမံကိန်း လုံးဝ
ရပ်ဆိုင်းပေးဖို့အတွက် တောင်းဆိုမှု တွေဆက်ပြီးလုပ်သွားမယ်လို့လဲ
ဆိုပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် November လ ကုန်ပိုင်းမှာ စီမံကိန်း
ရပ်ဆိုင်းပေးရေး တောင်းဆိုသပိတ်မှောက်နေကြသူတွေကို အာဏာပိုင်တွေ ဘက်က အင်အား သုံး ဖြေရှင်း ခဲ့တဲ့ အတွက် သံဃာတော်အများ အပြားနဲ့ ပြည်သူတွေ အပြင်းအထန် ဒဏ်ရာ ရခဲ့တာပါတယ်။
XS
SM
MD
LG