သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်းမြို့ လမ်းဘေးထောင်ဆိုင်းဘုတ် ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁ ဒါဇင်ကျော်သေဆုံး


အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ဧရာမ လမ်းဘေးထောင်ဆိုင်းဘုတ်ကြီးတခု ပြိုလဲကျနေစဉ် (မေ ၁၄၊ ၂၀၂၄)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ဧရာမ လမ်းဘေးထောင်ဆိုင်းဘုတ်ကြီးတခု ပြိုလဲကျနေစဉ် (မေ ၁၄၊ ၂၀၂၄)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ မိုးသည်းထန် မုန်တိုင်းကျရာက ဧရာမ လမ်းဘေးထောင်ဆိုင်းဘုတ်ကြီးတခု ပြိုကျခဲ့ပြီး လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် ၇၅ ယောက်လောက် ဒဏ်ရာရသွားပါတယ်။ ဘဏ္ဍာရေးအချက်အချာမြို့မှာ မနေ့က ဆိုင်းဘုတ်ပြိုကျမှုမှာ ပိတ်မိနေသူတွေ ရှိနိုင်သေးတာကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ညဖက်မှာ ဆက်လုပ်ခဲ့ကြတာပါ။

မွမ်ဘိုင်းမြို့စွန်က Ghatkopar မှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ရာက လူသွားလူလာများတဲ့ လမ်းဘေးမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီး အနီးအနားမှာရှိတဲ့ အိမ်တွေနဲ့ ဓာတ်ဆီဆိုင်ပေါ် ပြိုကျခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ဆီဆိုင်ပေါ် ပြိုကျနေတဲ့ ဆိုင်းဘုတ်ကို ဖယ်ရှားရာမှာ မီးလောင်မှုဖြစ်မှာ စိုးရိမ်ရတာကြောင့် ဝန်ချီစက်တွေကိုသာ သုံးနေရတယ်လို့လည်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးသည်းထန် လေပြင်းတိုက်စဉ်မှာ ပြိုကျခဲ့တာ ဖြစ်ပေမဲ့ ဆိုင်းဘုတ်ပြိုကျရတဲ့ တခြားအကြောင်းရင်းတွေ ရှိမရှိ ဆိုတာကိုလည်း အာဏာပိုင်တွေ စုံစမ်းနေပါတယ်။ မုန်တိုင်းကြောင့် မွမ်ဘိုင်းမြို့လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးကြန့်ကြာမှုတချို့ ရှိခဲ့တယ်လို့လည်း ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG