သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကျော်ရုပ်သံအစီအစဉ် တင်ဆက်သူ Larry King ကွယ်လွန်


Larry King. (နိုဝင်ဘာ ၂၀၊ ၂၀၁၇)
Larry King. (နိုဝင်ဘာ ၂၀၊ ၂၀၁၇)

(Zawgyi / Unicode)

နာမည်ကျော် ရုပ်သံအစီအစဉ်တင်ဆက်သူ Larry King ဟာ အသက် ၈၇ နှစ်အရွယ် ဒီကနေ့မှာ ကွယ်လွန်သွားပါပြီ။

လော့စ်အိန်ဂျလိစ်မြို့က Cedars-Sinai ဆေးရုံမှာ ကွယ်လွန်သွားတဲ့အကြောင်း သူ ပူးတွဲတည်ထောင်ထားတဲ့ Ora Media ကုမ္ပဏီက Twitter မှာ ရေးခဲ့ပါတယ်။

သေဆုံးရတဲ့အကြောင်းရင်း အတိအကျကို ကုမ္ပဏီက ပြောမထားပေမယ့် COVID-19 ရောဂါ ကူးစက်ခံရပြီး ဆေးရုံတက်နေရတဲ့အကြောင်း CNN ရုပ်သံဌာနရဲ့ အစောပိုင်းကာလ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း နှလုံးရောဂါဖောက်တာ၊ ဆီးချိုနဲ့ အဆုတ်ရောဂါတွေ အပါအဝင် ရောဂါအခံတွေ သူ့မှာ ရှိထားပါတယ်။

Larry King ရဲ့ အထင်ရှားဆုံး ရုပ်သံအစီအစဉ်ကတော့ CNN ရုပ်သံသတင်းဌာနမှာ ၂၅ နှစ်ကြာ တင်ဆက်ခဲ့တဲ့ Larry King Live အစီအစဉ်ပဲဖြစ်ပြီး အဲဒီအစီအစဉ်ကြောင့် Peabody ထူးချွန်ဆု နှစ်ကြိမ် ချီးမြှင့်ခံခဲ့ရပါတယ်။

Larry King ဟာ ရုပ်သံ တွေ့ဆုံမေးမြန်းတင်ဆက်မှုပေါင်း ၅၀,၀၀၀ နီးပါး လုပ်ခဲ့သူပါ။ ဒါ့အပြင် ၁၉၉၅ ခုနှစ်က လုပ်ခဲ့တဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) ဥက္ကဋ္ဌ ယာဆာ အာရာဖတ်၊ ဂျော်ဒန်ဘုရင် ဟူစိန်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ယစ်ဇက်က် ရာဘင်တို့ သုံးဦးဆိုင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးမှာ သူက သဘာပတိအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကနေ ဂန္ထဝင် ရုပ်ရှင်မင်းသမီးကြီး အဲလိဇဘက် တေလာအထိ၊ ဆိုဗီယက်ပြည်ထောင်စုခေတ် ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ မစ်ခေးလ် ဂေါ်ဘာချော့ဗ်ကနေ အမေရိကန်သမ္မတဟောင်း ဘရာ့ခ် အိုဘားမားအထိ၊ မိုက်ခရိုဆော့ဖ်ကုမ္ပဏီ တည်ထောင်သူ ကုဋေကြွယ်သူဌေးကြီး ဘီလ်ဂိတ်တ်စ်ကနေ နာမည်ကျော်အဆိုတော် လေဒီဂါဂါအထိ နယ်ပယ်ပေါင်းစုံက ထင်ရှားသူ အမြောက်အမြားကို တွေ့ဆုံ မေးမြန်းခဲ့သူ ဖြစ်ပါတယ်။

အရှေ့ဥရောပကနေ အမေရိကန်ကို ရွှေ့ပြောင်းလာတဲ့ ဂျူးလူမျိုး မိဘနှစ်ပါးကနေ ၁၉၃၃ ခုနှစ်မှာ သူ့ကိုမွေးဖွားခဲ့တာဖြစ်ပြီး ငယ်နာမည်က Lawrence Harvey Zeiger ဖြစ်ပါတယ်။

Larry King ဟာ အိမ်ထောင်ဆက် ၇ ဆက်ရှိခဲ့ပြီး ကွယ်လွန်ချိန်မှာ သားသမီး ၅ ဦး ကျန်ရစ်ခဲ့ပါတယ်။

-----------------------

(Unicode)










XS
SM
MD
LG