သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိကူးတို့သင်္ဘော မီးလောင်မှု သေဆုံးသူ ငါးဦးအထိ တိုး


Corfu ကျွန်းအနီးမှာ မီးလောင်သွားတဲ့ ဂရိဖယ်ရီသင်္ဘောပေါ်က နောက်ဆုံးကျန်နေတဲ့ ခရီးသည်တွေကို ကယ်တင်လိုက်နိုင်ပြီလို့ အီတလီနိုင်ငံက ပြောပါတယ်။ Adriatic ပင်လယ်ပြင်အတွင်း မီးလောင်သွားခဲ့တဲ့ အဲဒီသင်္ဘောပေါ် သေဆုံးသူ အရေအတွက်ဟာ ၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။

သင်္ဘောကိုဆိပ်ကမ်းဆီ သယ်လာဖို့ ပြင်ဆင်နေတဲ့အချိန် သင်္ဘေပေါ်မှာ ကပ္ပတိန်နဲ့ ဝန်ထမ်းတချို့သာကျန်တော့ကြောင်း အီတလီဝန်ကြီးချုပ် Matteo Renzi က ဒီကနေ့ ပြောပါတယ်။ ပင်လယ်ပြင်အတွင်း လူအများအပြား သေဆုံးရမယ့်အရေး ရှောင်ရှားနိုင်အောင် ခရီးသည်တွေကို ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို ချီးကျူး ဂုဏ်ပြုသင့်ကြောင်း အီတလီဝန်ကြီးချုပ်က ပြောပါတယ်။

မီးလောင်နေတဲ့ ဂရိသဘောၤပေါ်က ခရီးသည်တွေနဲ့ သဘောၤဝန်ထမ်း ၄၇၈ ယောက်ထဲက ခရီးသည်အားလုံးကို ကယ်တင်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။

အီတလီ အလံတင် Norman Atlantic သဘောၤက ခရီးသည်တွေနဲ့ကားတွေကို တင်ဆောင်ပြီး ဂရိဆိပ်ကမ်း Patras ကနေ အေဒရီးယားတစ် (Adriatic) ပင်လယ်ကို ဖြတ်ပြီး အီတလီဆိပ်ကမ်း Ancona ကိုအသွား Corfu ကျွန်းရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၈၀ လောက်အရောက်မှာ မနေ့ တနင်္ဂနွေနေ့အစောပိုင်းက ကားတွေထားတဲ့ နေရာကနေ မီးစလောင်ခဲ့တာ ဖြစ်ပါတယ်။

အလွန်အေးပြီး လေပြင်းတိုက်နေတဲ့အပြင် ပင်လယ်ရေပြင်ကလည်း မြင့်တက်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခဲစေခဲ့ပါတယ်။ သဘောၤပေါ်က လူအများအပြားကိုတော့ အီတလီရဟတ်ယာဉ်တွေနဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။

XS
SM
MD
LG