သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ ဦး အမှု ပလပ်ဖို့ လျောက်ထားချက် တရားရုံးကြားနာမည်


ဖမ်းဆီးခံ Reuter သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ ကိုတရားရုံးထုတ်လာစဉ်

အဖမ်းဆီးခံ Reuter သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ ကို ကိုလိုနီခေတ်ကပြဌာန်းခဲ့တဲ့ နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲဆိုထားတဲ့အမှုကို ဇန်န၀ါရီလက စတင်ကြားနာခဲ့ပြီး ပြစ်မှုထင်ရှားရင် သူတို့အနေနဲ့ ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်ပါတယ်၊၊

ဗုဒ္ဓဟူးနေ့က တရားခံဘက်က ရှေ့နေ ဦးခင်မောင်ဇော်က ဒီအမှုကို ပလပ်ပေးဖို့ လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက လာမယ့် ဧပြီလ ၄ ရက်နေ့မှာနှစ်ဘက်လျှောက်လဲချက်တွေကို ကြားနာဖို့ သဘောတူခဲ့ပါတယ်။ တရားလိုပြသက်သေတွေကို ရုံးတော်မှာ အပြန်အလှန်စစ်ဆေးပြီးတဲ့နောက် ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ မတွေ့ရတဲ့ အတွက် အခုအချိန်မှာ အမှုကို ပ လပ်ပေးဖို့ လျှောက်ထားခြင်းဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကို သူက ရှင်းပြခြင်းမရှိကြောင်း ရိုက်တားစ်သတင်းမှာ ဖေါ်ပြထားပါတယ်။

အစိုးရရှေ့နေနဲ့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်၊၊

တရားရုံးစစ်ဆေးမှု ခေတ္တရပ်နားချိန်မှာ သတင်းထောက်ကိုဝလုံးက သူတို့ဟာ သတင်းယူရင်း မတရားဖမ်းဆီးခံခဲ့ရတာ ဖြစ်တဲ့အတွက် နိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့် ရရှိရေးအတွက်ဖေါ်ဆောင်ပေးဖို့ ဗုဒ္ဓဟူးနေ့မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတသစ် ဦးဝင်းမြင့်ကို မေတ္တာရပ်ခံ ပန်ကြားလိုကြောင်း ပြောခဲ့ပါတယ်၊၊

Reuter သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ဆယ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ သတင်းယူရင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က တရားရုံး စစ်ဆေးမှုကို Australia ဥရောပသမဂ္ဂ၊ ဒိန်းမတ်နဲ့ Netherlands နိုင်ငံတွေက သံတမန်တွေ တက်ရောက်နားထောင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG