သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဒုက္ခသည်တွေ အတွက် ဒေါ်လာ သန်းထောင်ချီ လှူ ကြမည်


 နိုင်ငံတကာ အလှူရှင်များ အစည်းအဝေး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry တက်ရောက်။
( ဖေဖော်ဝါရီ ၄၊ ၂၀၁၆)
နိုင်ငံတကာ အလှူရှင်များ အစည်းအဝေး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry တက်ရောက်။ ( ဖေဖော်ဝါရီ ၄၊ ၂၀၁၆)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဆီးရီးယား ဒုက္ခသည်တွေအတွက် အမေရိကန်က ကူညီထောက်ပံ့ငွေ နောက်ထပ် ဒေါ်လာ သန်းတထောင်လောက် အသစ်ချထားပေးမယ်လို့ နိုင်ငံတကာ အလှူရှင်များအစည်းအဝေးမှာ ကတိပေးလိုက် ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှု ဆိုင်ရာ အကူညီတွေ ပေးပို့နိုင်ဖို့ အတွက် သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းကြဖို့လည်း ဆီးရီးယား အစိုးရနဲ့ ရုရှားတို့ကို တောင်းဆိုလိုက်ပါတယ်။

လန်ဒန်မှာ အလှူရှင်များ အစည်းအဝေးကို ကြာသပတေးနေ့က စတင်ခဲ့ပြီး အလှူငွေ ဒေါ်လာ သန်း ၉ ထောင်အထိ ရနိုင်ဖို့ ရည်မှန်းထားတာပါ။ တနေ့တာ ကုန်ဆုံးချိန်မှာ လှူမယ်လို့ ကတိပေးတဲ့ ငွေဟာ ဒေါ်လာ ၁၀ ဘီလျံ အထိရောက် သွားတယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် David Cameron ကပြောပါတယ်။ ဗြိတိန်နဲ့ အတူ ဂျာမဏီ၊ နော်ဝေ၊ ကူဝိတ်နဲ့ ကုလသမဂ္ဂတို့က ကမကထ လုပ်ကျင်းပတဲ့ ဆီးရီးယား အရေး အလှူရှင်နိုင်ငံများ အစည်းအဝေးကို စတုတ္တ အကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။

ဝန်ကြီးကယ်ရီကတော့ ဒါဟာ တကယ်အရေးပါတဲ့ တွေ့ဆုံ ဆက်ဆံမှုတခု လို့ ခေါ်ဆို လိုက်ပြီး ဆီးရီးယားရဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ပြဿနာကတော့ မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စ ဖြစ်နေတယ်လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ ဆီးရီးယားပြည်သူတွေအတွက် အကူအညီ အဖြစ် နောက်ထပ် ဒေါ်လာ ၆၀၁ သန်း ထပ်မံချထားပေး မှာ ဖြစ်ပြီး နောက်ထပ် သန်းပေါင်း ၂၉၀ ကတော့ ဂျော်ဒန်နဲ့ လက်ဘနွံမှာ ရောက်နေတဲ့ ဒုက္ခသည် ကလေးငယ်တွေအတွက် အထူးသဖြင့် ပညာရေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး အထောက်အကူအဖြစ် ပေး မှာ ဖြစ်ကြောင်းပြောပါတယ်။

ဒေါ်လာ သန်းပေါင်း တသောင်း ဟာ အရင်နှစ်က လှူဒါန်းမယ်လို့ကတိပြုခဲ့ကြတဲ့ ၄ ဘီလျံခွဲထက် ၂ ဆကျော်ပိုပြီး များနေတာပါ။ ဒါဟာ အနောက်နိုင်ငံ အစိုးရတွေ အတွက် ဒုက္ခသည်ပြဿနာ အရေးပေါ် ကြုံလာရတာကြောင့်လည်း ဖြစ်ပါတယ်။

ဒီအလှူငွေတွေဟာ ဆီးရီးယားမှာရော အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ဂျော်ဒန်၊ လက်ဘနွံနဲ့ တူရကီလို နိုင်ငံတွေမှာ ဝင်ရောက်လာနေတဲ့ ဒုက္ခသည် ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာတွေအတွက် အကူအညီပေးဖို့ ဖြစ်ပါတယ်။

XS
SM
MD
LG