သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်ဆန္ဒပြသူတွေနဲ့ ရဲ ပဋိပက္ခဖြစ်


လက်ဘနွမ်နိုင်ငံ၊ ဘေရွတ်မြို့တော်မှာ အမှိုက်မသိမ်းတဲ့အတွက် တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်ကန့်ကွက်ရင်း ရဲနဲ့ထိပ်တိုက်မြင်ကွင်း။ (သြဂုတ် ၂၃၊ ၂၀၁၅)
လက်ဘနွမ်နိုင်ငံ၊ ဘေရွတ်မြို့တော်မှာ အမှိုက်မသိမ်းတဲ့အတွက် တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်ကန့်ကွက်ရင်း ရဲနဲ့ထိပ်တိုက်မြင်ကွင်း။ (သြဂုတ် ၂၃၊ ၂၀၁၅)

လက်ဘနွန်နိုင်ငံ မြို့တော် Beirut မှာ ဒုတိယညအဖြစ် ထောင်နဲ့ချီဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်တွေက မီးသတ်ပိုက်တွေနဲ့ ဖြိုခွဲနှိမ်နင်းခဲ့တာကြောင့် တနင်္ဂနွေနေ့နှောင်းပိုင်းက ရဲနဲ့ဆန္ဒပြသူတွေကြား ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။ မြို့တွင်း အမှိုက်တွေကို ရက်ပေါင်းများစွာမသိမ်းတဲ့အပေါ်မှာ မြို့ခံတွေ မကျေမနပ်ဖြစ်ခဲ့ကြပြီးနောက် စနေနေ့ကစတင်ဆန္ဒပြခဲ့ကြတာပါ။

Beirut မြို့ကလာတဲ့ ဗွီဒီယိုပုံတွေထဲမှာတော့ တနင်္ဂနွေနေ့ ညပိုင်းအချိန် လမ်းတွေပေါ်မှာ ရှိနေတဲ့ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေနောက်မှာ စုဝေး ရပ်နေကြတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကနေ မီးသတ်ပိုက်တွေနဲ့ ဖြိုခွဲနေပုံကို တွေ့ခဲ့ကြရပါတယ်။

အမှိုက်တွေစွန့်ပစ်တဲ့နေရာမှာ အလွန်များလာတဲ့ အမှိုက်သရိုက်တွေကြောင့် အဏာပိုင်တွေက အဲဒီနေရာကို ပိတ်လိုက်ပြီးနောက် ရက်သီတင်းပတ်ပေါင်း များစွာ အကြာမှာ အမှိုက်တွေ မြို့တွင်းမှာတောင်လိုပုံလာခဲ့တာပါ။ ဒီအတွက် ဘေရွတ်မြို့ခံတွေ အမျက်ဒေါသထွက်ခဲ့ကြပြီး လက်ဘနွန်ဝန်ကြီးချုပ် Tammam Salam ရဲ့ ရုံးပတ်ဝန်းကျင်အနီးမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရဆန့်ကျင်ရေး အသံဖြစ်တဲ့ တော်လှန်ရေးဆိုတဲ့ ကြွေးကျော်သံတွေကိုလည်း အော်ဟစ်ခဲ့ကြပါတယ်။ နိုင်ငံရေးအရရှေ့မတိုး နောက်မဆုတ်ဖြစ်နေတာကြောင့် လဘနွန်နိုင်ငံမှာ သမ္မတမရှိတာ တနှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။ အသက်(၂၂)နှစ်အရွယ် Yara Safadi ကတော့ သူ့အနေနဲ့ဆန္ဒပြပွဲမှာပါဝင်ရတာဟာ လူမှုအခွင့်အရေးတွေနဲ့ အနိမ့်ဆုံးလူနေမှုအဆင့်အတန်းတွေကို ထုတ်ဖေါ်ပြောဆိုဖို့ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

မကြာခင်သီတင်းပတ်တွေက ဘေရွတ်မြို့တော်မှာ ရှိနေတဲ့ အစုလိုက်အပြုံလိုက်ဖြစ်နေတဲ့အမှိုက်တွေကို လူမြင်ကွင်းတွေကနေ ဖယ်ရှားရှင်းလင်းခဲ့ပေမယ့် အဲဒီအမှိုက်တွေကို အခြားနေရာတွေမှာ သွားပြီးစုပုံထားတဲ့အတွက် လူတွေရဲ့ အမျက်ဒေါသပိုပြီးထွက်ခဲ့ကြတာပါ။

XS
SM
MD
LG