သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတွေကြောင့် လက်ဘနွမ်အစိုးရ အရေးပေါ်အစည်းအဝေး ခေါ်ယူ


လက်ဘနွမ် နိုင်ငံမှာ သောကြာနေ့က ရဲ ထောက်လှမ်းရေးမှူး သေဆုံးခဲ့ရတဲ့ ကားဗုံးဖောက်ခွဲမှုကို အကာအကွယ် မပေးနိုင်ခဲ့တဲ့အတွက် ဝန်ကြီးချုပ် Najib Mikati က သူ နှုတ်ထွက်မယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမဲ့ သမ္မတက သူ့ရဲ့ နှုတ်ထွက်လွှာကို ခွင့်မပြုဘူးလို့ ဆိုပါတယ်။ သမ္မတ Michel Suleiman က ဝန်ကြီးချုပ် အနေနဲ့ အချိန် အတိုင်းအတာ တခုအထိတော့ တာဝန်ဆက်ပြီး ယူစေချင်တယ်လို့ ဒီကနေ့ ပြောဆိုသွားတာပါ။

နိုင်ငံရဲ့ အကျိုးစီးပွားကို ငဲ့ကွက်ပြီး ဝန်ကြီးချုပ်တာဝန်ကို ဆက်လက် ထမ်းဆောင်ဖို့ မစ္စတာ Mikati က သဘောတူလိုက်တယ်လို့ ဆိုပါတယ်။ ရဲထောက်လှမ်းရေးမှူးချုပ်နဲ့ တခြား လူ ၇ ယောက် သေဆုံးခဲ့ ရတဲ့ သောကြာနေ့ ကားဗုံးခွဲမှုအတွင်း ချက်ချင်း ဆိုသလိုမှာပဲ အတိုက်အခံ အနာဂတ် လှုပ်ရှားမှုအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် က Ahmad Hariri က ဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်တာပါ။

အခု တိုက်ခိုက်ခံရတာဟာ ဝန်ကြီးချုပ်မှာ တာဝန်မကင်းဘူးလို့ မစ္စတာ Hariri က အပြစ်တင်နေတာပါ။ ဝန်ကြီးချုပ် Mikati ကတော့ ဒီတိုက်ခိုက်မှုဟာ ဆီးရီးယား ပြည်တွင်းစစ်နဲ့ ဆက်နွှယ်နေတယ်လို့ ဒီကနေ့ ကျင်းပတဲ့ အစိုးရ အရေးပေါ် အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။ နိုင်ငံတဝှမ်းလုံးမှာ ဒီ တိုက်ခိုက်မှုကို ကန့်ကွက်တဲ့အကြောင်း လူထုက ဆန္ဒပြနေကြပါတယ်။ သောကြာနေ့က ကားဗုံးခွဲ တိုက်ခိုက်မှုဟာ ရဲ ထောက်လှမ်းရေးမှူးချုပ် မစ္စတာ Wissam al-Hassan ကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ လက်ဘနွမ်က လာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG