သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေရွတ် ကားဗုံးခွဲမှု လက်ဘနွန် ဘဏ္ဍာရေး ဝန်ကြီးဟောင်း သေဆုံး


ဘေရွတ်မြို့ ကားဗုံးခွဲမှုဖြစ်ပွား (ဒီဇင်ဘာ ၂၇၊ ၂၀၁၃)
ဘေရွတ်မြို့ ကားဗုံးခွဲမှုဖြစ်ပွား (ဒီဇင်ဘာ ၂၇၊ ၂၀၁၃)
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်မှာဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုတွင်း ဆီးရီးယားသမ္မတ Bashar al-Assad ကို ပြင်းပြင်းထန်ထန် ဝေဖန်သူ၊ လက်ဘနွန် ဘဏ္ဍာရေးဝန်ကြီးဟောင်း Mohamad Chatah သေဆုံးသွားခဲ့ပါတယ်။ သောကြာနေ့က ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုတွင်း နောက်ထပ် လူ ၅ ယောက်လည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၇၀ လောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွင်း လက်ဘနွန်နိုင်ငံမှာ ဆူနီနဲ့ ရှီအာ မူဆလင်တွေကို ပစ်မှတ်ထားတဲ့ ဘာသာရေးဆိုင်ရာ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ဆူနီဘာသာဝင်တဦးဖြစ်တဲ့ မစ္စတာ Chatah ဟာ လက်ဘနွန် ဝန်ကြီးချုပ်ဟောင်း Saad Hariri ရဲ့ ထိပ်တန်း အကြံပေးတဦး ဖြစ်ခဲ့သလို၊ အမေရိကန်ပြည်ထောင်စုဆိုင်ရာ လက်ဘနွန် သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အသက် ၆၂ နှစ်အရွယ် မစ္စတာ Chatah ဟာ လက်ရှိ အစိုးရနဲ့၊ လွှတ်တော်ထဲမှာ တာဝန်ထမ်းဆောင်နေသူ မဟုတ်တဲ့အတွက် သူ့ကို အဓိက ပစ်မှတ်ထား လုပ်ကြံလိမ့်မယ် လို့ လေ့လာစောင့်ကြည့်သူတွေက မမြင်တဲ့အကြောင်း ဘေရွတ်မြို့တော်မှာရှိတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ မစ္စတာ Chatah ကို သတ်ဖြတ်မှုဟာ ယုတ်မာလွန်းပြီး သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှုလို့ ဆိုပြီး ဒီ တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။ မစ္စတာ Chatah သေဆုံးမှုဟာ လက်ဘနွန်ပြည်သူတွေ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်းနဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူသွားရမယ့်အကြောင်းလည်း မစ္စတာ ကယ်ရီက ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG