သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်ကျေးရွာမှာ လူ ၂၀ သေဆုံး


အစ္စရေး လေကြောင်းတိုက်ခိုက်မှုခံရတဲ့ လက်ဘနွန်နိုင်ငံအရှေ့ပိုင်း Baalbek မြို့တနေရာ
အစ္စရေး လေကြောင်းတိုက်ခိုက်မှုခံရတဲ့ လက်ဘနွန်နိုင်ငံအရှေ့ပိုင်း Baalbek မြို့တနေရာ

ဘေရွတ်မြို့တော်မြောက်ပိုင်း ကျေးရွာတခုမှာ ဒီကနေ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် အပါအဝင် လူ ၂၀ သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ခရစ်ယာန်အများစု နေထိုင်ရာဒေသက Almat ကျေးရွာမှာတော့ Shiite မွတ်ဆလင်အများစု နေထိုင်ကြပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၆ ယောက် ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။

ဟက်ဇ်ဘူလာတွေရဲ့ အမာခံစခန်းတွေဟာ ပုံမှန်အားဖြင့် ဘေရွတ်မြို့တော် တောင်ပိုင်းအပြင်၊ လက်ဘနွန် တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ရှိကြပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး အစ္စရေးက အပြင်းအထန် လေကြောင်းက တိုက်ခိုက်နေတာပါ။ နိုင်ငံတောင်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘူလာတွေနဲ့ ပတ်သက်တဲ့ အရေးပေါ်ကယ်ဆယ်ရေး ၃ ယောက် သေဆုံးခဲ့ကြောင်းလည်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးစစ်တပ်က ဘေးလွတ်ရာရှောင်ဖို့ ကြိုတင်အကြောင်းကြားမထားတဲ့ နယ်မြေတခုဖြစ်တဲ့ နိုင်ငံအရှေ့ပိုင်း Baalbek မြို့က နေအိမ်တခုကို ဒီနေ့အစောပိုင်းမှာပဲ အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်းလည်း လက်ဘနွန်နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြခဲ့တာပါ။ မနေ့ညကနေ့ ဒီကနေ့ မနက်ပိုင်းအထိ နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းက ကျေးရွာတွေနဲ့ နယ်မြေတွေကို အစ္စရေးက လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့လည်း NNA သတင်းက ဖော်ပြပါတယ်။

Forum

XS
SM
MD
LG