သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လီယိုနာဒိုဒါဗင်ချီ ကွယ်လွန်တဲ့ နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်


ကမ္ဘာကျော်အနုပညာရှင် လီယိုနာဒို ဒါဗင်ချီ ကွယ်လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာပြည့် အထိမ်းအမှတ်အခမ်းအနားတွေကို အီတလီနဲ့ပြင်သစ်နိုင်ငံတွေမှာ မနေ့က စတင်ကျင်းပနေပါပြီ။ လီယိုနာဒို ဒါဗင်ချီရဲ့ အုတ်ဂူရှိရာ ပြင်သစ်နိုင်ငံကို အီတလီ သမ္မတ Sergio Mattarella က သွားရောက်ပြီး ပြင်သစ်သမ္မတ Emmanuel Macron နဲ့အတူ ဂါရဝပြုခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ Loire တောင်ကြားမှာ ဒါဗင်ချီရဲ့ အုတ်ဂူရှိတာပါ။ အဲဒီဒေသက ဒါဗင်ချီမကွယ်လွန်မီ သုံးနှစ်နေသွားခဲ့တဲ့ Clos Luce အိမ် ကြီးဆီကိုလည်း သမ္မတ၂ဦး သွားရောက်ခဲ့ကြပါတယ်။ အီတလီနဲ့ ပြင်သစ်၂နိုင်ငံအကြား ဒါဗင်ချီရဲ့အနုပညာလက်ရာတချို့ နဲ့ပတ်သက်ပြီး မကြာခင်လပိုင်းတွေအတွင်း ဆက်ဆံရေး တင်းမာမှုတွေရှိခဲ့တာပါ။ ဒီနှစ်ကုန်ပိုင်းမှာ ပြင်သစ်က အထင်က ရ Louvre ပြတိုက်မှာ ဒါဗင်ချီရဲ့လက်ရာတွေပြပွဲလုပ်ဖို့ အီတလီကနေ ငှားတဲ့ကိစ္စနဲ့ပတ်သက်ပြီးမပြေမလည်ဖြစ်ခဲ့တာပါ။

အခုခရီးစဉ်မှာတော့၂နိုင်ငံအကြား သမိုင်းတင်မယ့်ခိုင်မာတဲ့ ဆက်ဆံရေးကိုရရှိခဲ့တယ်လို့ အီတလီသမ္မတက ပြောပါ တယ်။ လီယိုနာဒိုရဲ့ဘဝများ ဆိုတဲ့ခေါင်းစဉ်နဲ့ အီတလီနိုင်ငံ တဝှမ်းမှာ နှစ်ငါးရာပြည့်အခမ်းအနားတွေကို မနေ့က စတင်ဖွင့် လှစ်ခဲ့ပါတယ်။ ဒါဗင်ချီရဲ့မွေးရပ် အီတလီနိုင်ငံTuscan မြို့ကအခမ်းအနားမှာတော့ ဒါဗင်ချီရဲ့ ဆံပင်ကို ပြသထားပါတယ်။ ဒီဆံပင်ဟာ ဒါဗင်ချီရဲ့ဆံပင်ဟုတ် မဟုတ်ဆိုတာ DNA မျိုးဗီဇဆက်စပ်မှုစမ်းသပ်ချက်လုပ် မယ်လို့လည်း ကျွမ်း ကျင်သူတွေက ဆိုပါတယ်။

လီယိုနာဒိုဒါဗင်ချီ ကွယ်လွန်တဲ့ နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG