သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အသက္ရွင္ေနေပမဲ့ ေသလူ ျဖစ္ခဲ့ရတဲ့စစ္အာဏာရွင္ေဟာင္း ခ်န္ဒူးဝမ္ရဲ႕ သင္ခန္းစာ


ဆိုးလ္ၿမိဳ႕ကတရားရရံုးကို အလံုျခံဳေရးေတြနဲ႔ ၀င္ေရာက္လာတဲ့ ဖမ္းဆီးခံထားရတဲ့ ေတာင္ကိုးရီးယား စစ္အာဏာရွင္ေဟာင္း ခ်န္ဒူးဝမ္ (ေဖေဖၚဝါရီလ ၂၆၊ ၁၉၉၆)

ေတာင္ကိုရီးယားႏိုင္ငံ စစ္အာဏာရွင္ေဟာင္း ခ်န္ဒူးဝမ္ဟာ ၂၀၂၁ ခုႏွစ္၊ႏိုဝင္ဘာလ ၂၃ ရက္ေန႔က အသက္ ၉၀ အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ပါၿပီ။ ခ်န္ဒူးဝမ္ဟာ ကိုရီးယား စစ္တကၠသိုလ္အပတ္စဥ္ (၁၁)ဆင္းတစ္ဦး ျဖစ္ပါတယ္။ စစ္ဗိုလ္ခ်ဳပ္ဘဝနဲ႔ ၁၉၇၉ ခုႏွစ္မွာ အာဏာသိမ္းခဲ့ၿပီး ၁၉၈၈ ခုႏွစ္အထိ ေတာင္ကိုရီးယားႏိုင္ငံ ကိုအုပ္ခ်ဳပ္ခဲ့ တာပါ။ အာဏာရွင္ေတြရဲ႕ထုံးစံအတိုင္း တိုင္းျပည္ကို ခပ္ၾကမ္းၾကမ္းနဲ႔ ရက္စက္စြာ အုပ္ခ်ဳပ္ခဲ့လို႔ သူ႔ကို Iron -fisted လို႔ေတာင္ နာမည္ေပးၾက ပါတယ္။ သံလက္သီးနဲ႔ အုပ္ခ်ဳပ္သူဆိုပါေတာ့။

ခ်န္ဒူးဝမ္ကြယ္လြန္ခ်ိန္မွာ ကမာၻ႔သတင္းစာႀကီးေတြက ေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ႔အက်ယ္တဝင့္ ေရးသားၾကတာ ေတြ႕ရပါတယ္။ နယူးေယာက္တိုင္းမ္ သတင္းစာႀကီးက "စစ္အာဏာရွင္ေဟာင္း ခ်န္ဒူးဝမ္ အသက္ ၉၀ အ႐ြယ္မွာ ကြယ္လြန္"လို႔ ေခါင္းစဥ္ေပးၿပီး ေရးသားပါတယ္။ ကမာၻေက်ာ္ The Economist မဂၢဇင္းႀကီးကေတာ့ "ခ်န္ဒူးဝမ္ေသဆုံးျခင္းဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ သမိုင္းစာမ်က္ႏွာတစ္ခု ၿပီးဆုံးသြားၿပီ"လို႔ ေခါင္းစဥ္ေပးပါတယ္။အယ္ဂ်ားဇီးယားသတင္းဌာနကေတာ့ "ေတာင္ကိုရီးယားရဲ႕ စစ္အာဏာရွင္ ခ်န္ဒူးဝမ္ အသက္ ၉၀ အ႐ြယ္မွာ ကြယ္လြန္" ဆိုၿပီးေခါင္းစဥ္ေပးကာ ၁၉၇၉ ခုႏွစ္မွာ အာဏာသိမ္းခဲ့တာက အစ၊ ဒီမိုကေရစီလိုလားတဲ့ ဆႏၵျပသူေတြကို ေခ်မႈန္းတာ အလယ္၊ သူ႔ရဲ႕ပိုင္ဆိုင္မႈေတြ အဆုံး ေရးသားထားပါတယ္။ အယ္ဂ်ားဇီးယားက အာဏာရွင္ေဟာင္း ခ်န္ဒူးဝမ္ရဲ႕ပိုင္ဆိုင္မႈေတြကို ေဖာ္ျပထားရာမွာေတာ့ ေငြသားအေနနဲ႔ အေမရိကန္ေဒၚလာ ၂၄၅ သန္းနဲ႔ အိမ္အပါအဝင္ ဇိမ္ခံပစၥည္းေတြ ပိုင္ဆိုင္မႈကအေမရိကန္ေဒၚလာ ၁၈၅.၆ သန္း ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။သူ႔ရဲ႕သားသမီးေတြနဲ႔ ေဆြမ်ိဳးေတြဟာ ေတာင္ကိုရီးယားႏိုင္ငံ ရဲ႕ၿမိဳ႕ေတာ္ ဆိုးလ္အပါအဝင္ အေမရိကန္ျပည္ေထာင္စုမွာပါ ေျမနဲ႔ ေစ်းႀကီးတဲ့ အိမ္ယာေတြ ပိုင္ဆိုင္ထားတယ္ လို႔ ဆိုပါတယ္။

ခ်န္ဒူးဝမ္ဟာ ၁၉၇၉ ခုႏွစ္၊ ဒီဇင္ဘာမွာ အာဏာသိမ္းခဲ့ပါတယ္။သူအာဏာသိမ္းၿပီး သိပ္မၾကာခင္ ၁၉၈၀ ေမလမွာေတာ့ ဒီမိုကေရစီလိုလားတဲ့ ေက်ာင္းသား တစ္ေသာင္းခြဲေက်ာ္ဟာ ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ကြမ္ဂ်ဴးၿမိဳ႕ လမ္းမေတြေပၚ ထြက္လာၾကၿပီး ဆႏၵျပၾကပါတယ္။ အဲ့ဒီလိုေက်ာင္းသားေတြ ဆႏၵျပတာကို ခ်န္ဒူးဝမ္ ကရက္စက္စြာ သတ္ျဖတ္ေခ်မႈန္းခဲ့တဲ့အတြက္ ေက်ာင္းသား ၂၀၀ ခန္႔ ေသဆုံးၿပီး၁,၈၀၀ ေက်ာ္ ဖမ္းဆီးျခင္း ခံခဲ့ၾကရပါတယ္။အဲဒီလို ရက္စက္စြာ သတ္ျဖတ္ေခ်မႈန္းခဲ့ေပမယ္လို႔ ခ်န္ဒူးဝမ္ ဟာ ကြမ္ဂ်ဴးလူသတ္ပြဲကိစၥနဲ႔ ပတ္သက္ၿပီး သူေသဆုံးခ်ိန္အထိ မွားပါတယ္၊ သူ႔မွာ တာဝန္ရွိပါတယ္လို႔ ဝန္မခံခဲ့ပါဘူး။ ဒါေပမယ္လို႔ ခ်န္ဒူးဝမ္ရဲ႕ဇနီးကေတာ့ ႏိုဝင္ဘာလ ၂၇ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ခ်န္ဒူးဝမ္ရဲ႕ အသုဘအခမ္းအနားမွာ သူ႔ခင္ပြန္းရဲ႕ ရက္စက္တဲ့ အုပ္ခ်ဳပ္မႈေအာက္မွာ နာက်င္ခဲ့ရတာေတြ ၊ထိခိုက္ခံစားခဲ့ၾကရ တာေတြအတြက္ မိသားစုကိုယ္စား ေတာင္းပန္ပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

၁၉၇၉ မွာ အာဏာသိမ္းၿပီး သမၼတျဖစ္လာတဲ့ ခ်န္ဒူးဝမ္ဟာ ၁၉၈၇ မွာ ေက်ာင္းသားေတြဦးေဆာင္တဲ့ ႏိုင္ငံနဲ႔အဝွမ္း ဆန္႔က်င္ဆႏၵျပပြဲေတြနဲ႔ ရင္ဆိုင္ရျပန္ပါတယ္။ အဲ့ဒီဆႏၵျပပြဲေတြရဲ႕ ဖိအားေၾကာင့္ပဲ ဖြဲ႕စည္းပုံအေျခ ခံဥပေဒကို ျပင္ဆင္ေပးရၿပီး ၁၉၈၈ခုႏွစ္၊ ေဖေဖာ္ဝါရီမွာေတာ့ သမၼတရာထူးကေန ဆင္းေပးခဲ့ရပါတယ္။ ၁၉၈၈၊ႏိုဝင္ဘာလ ၁၁ ရက္မွာ ခ်န္ဒူးဝမ္ဟာ သူ႔ရဲ႕ လုပ္ရပ္ေတြအတြက္ ျပည္သူကို ဝန္ခ်ေတာင္းပန္ခဲ့ၿပီး သူအာဏာရွိစဥ္က ရယူထားတဲ့ ႏိုင္ငံ့ဘ႑ာေငြေတြကို ျပန္လည္ေပးဆပ္ပါမယ္လို႔ ကတိျပဳခဲ့ပါတယ္။ သမၼတရာထူးက ဆင္းေပးၿပီး ႏွစ္ႏွစ္အၾကာမွာ ဖမ္းဆီးခံရၿပီး ေနာက္ပိုင္းမွာ တရားစြဲဆိုျခင္းခံခဲ့ပါတယ္။ ၁၉၉၆ ခုႏွစ္၊ ၾသဂုတ္လမွာေတာ့ တရား႐ုံးက ခ်န္ဒူးဝမ္ကို အက်င့္ပ်က္ျခစားမႈ၊ အာဏာဖီဆန္မႈ၊ႏိုင္ငံေတာ္သစၥာေဖာက္မႈ ေတြနဲ႔ ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။ အဲ့ဒီလို ေသဒဏ္ခ်မွတ္ခဲ့ေပမယ့္ ၁၉၉၇ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွာေတာ့အမ်ိဳးသား ရင္ၾကားေစ့ေရးအစီအစဥ္အရ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပစ္ဒဏ္ကေန လြတ္ေျမာက္ခဲ့ ပါတယ္။

ေတာင္ကိုရီးယားအာဏာရွင္ ခ်န္ဒူးဝမ္ရဲ႕သမိုင္းဟာ ျမန္မာႏိုင္ငံနဲ႔လည္း တစ္စိတ္တစ္ပိုင္း ဆက္စပ္ေနတာကို ေတြ႕ရမွာပါ။ ၁၉၈၃ ခုႏွစ္က သမၼတခ်န္ဒူးဝမ္အေနနဲ႔ျမန္မာႏိုင္ငံကို ခ်စ္ၾကည္ေရးခရီး လာေရာက္ခဲ့ပါတယ္။ အဲဒီခ်စ္ၾကည္ေရးခရီးစဥ္အတြင္း ေအာက္တိုဘာ ၉ ရက္ေန႔ မွာ ရန္ကုန္ၿမိဳ႕ရွိ အာဇာနည္ဗိမာန္မွာလြမ္းသူ႔ပန္းေခြ ခ်ခ်ိန္ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ဗုံးခြဲလုပ္ႀကံျခင္းကို ခံခဲ့ရပါတယ္။ဗုံးခြဲလုပ္ႀကံမႈမွာ သမၼတခ်န္ဒူးဝမ္ အသက္ေဘးက လြတ္ေျမာက္ခဲ့ေပမဲ့ သူ႔ရဲ႕ဝန္ႀကီးအဖြဲ႕ဝင္ေတြ အမ်ားအျပားေသဆုံးခဲ့ရပါတယ္။ ခ်န္ဒူးဝမ္ လာေရာက္လည္ပတ္ခဲ့တဲ့ အခ်ိန္က ျမန္မာႏိုင္ငံမွာလည္း စစ္အာဏာရွင္ဦးေနဝင္း အုပ္စိုးေနခ်ိန္ပါ။ ခ်န္ဒူးဝမ္ကမွ ေသဆုံးခ်ိန္မွာ သူ႔ရဲ႕ စ်ာပနကို ေကာင္းမြန္စြာျပဳလုပ္ခြင့္ ရပါေသးတယ္။ ျမန္မာႏိုင္ငံက အာဏာရွင္ႀကီး ဦးေနဝင္းကေတာ့ သူေသဆုံးခ်ိန္မွာ သူ႔ရဲ႕စ်ာပနဟာ ေဆြမ်ိဳး မိသဂ္ဟေတြ၊တပည့္သားေျမးေတြ တက္ေရာက္ဖို႔မဆိုထားနဲ႔ သူ႔ရဲ႕မိသားစုဝင္ေတြေတာင္ စုံလင္စြာ တက္ေရာက္ခြင့္ မရခဲ့ပါဘူး။ အာဏာရွင္ေတြရဲ႕ဇာတ္သိမ္းဟာ မလွပခဲ့ပါဘူးဆိုတာကို ေတြ႕ၾကရမွာပါ။ သံေဝဂ ယူစရာ ေကာင္းလွပါတယ္။

ခ်န္ဒူးဝမ္ဟာ စစ္ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးအေနနဲ႔ အာဏာသိမ္းတယ္။အဲဒီကေန သမၼတျဖစ္လာတယ္။ အာဏာသိမ္းၿပီး ၉ ႏွစ္အၾကာမွာ ႏိုင္ငံနဲ႔အဝွမ္းဆန႔္က်င္ဆႏၵျပလို႔ သမၼတရာထူးကဆင္းေပးခဲ့ ရတယ္။ရာထူးကဆင္းေပးၿပီးတဲ့ေနာက္ အဖမ္းခံရ၊ေနာက္ပိုင္းမွာ တရားရားစြဲဆိုျခင္းခံရၿပီး ေသဒဏ္ေပးခံရ တယ္။အမ်ိဳးသား ရင္ၾကားေစ့ေရးအစီ အစဥ္အရ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္ေျမာက္လာခဲ့ေပမဲ့ သူ႔ကို သမိုင္းနဲ႔ျပည္သူေတြက ခုခ်ိန္ထိ ခြင့္မလႊတ္ၾကပါဘူး။ဒါအျပင္ ခ်န္ဒူးဝမ္အာဏာရွိစဥ္က ရယူထားတဲ့ ႏိုင္ငံေတာ္ ဘ႑ာေငြေတြကို သူ႔မိသားစုက ျပန္လည္ေပးဆပ္ေနရဆဲပါ။၂၀၂၀ ဒီဇင္ဘာမွာ ႏိုင္ငံေတာ္ကိုျပန္လည္ေပးဆပ္ရန္ ဝမ္ဘီလီယံ ၁၀၀ (အေမရိကန္ေဒၚလာ ၈၄.၂ သန္း)က်န္ေနေသးတယ္လို႔သိရပါတယ္။

ဒါနဲ႔ပတ္သက္လို႔ အာဏာရွင္တစ္ေယာက္ရဲ႕ဇာတ္သိမ္း၊တစ္နည္းအားျဖင့္ ခ်န္ဒူးဝမ္ရဲ႕ျဖစ္စဥ္ေတြက ဘာသတင္းစကားမ်ား ခ်န္ထားခဲ့ပါသလဲလို႔ အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီရွိ Woodrow Wilson Center က သုေတသီ ဦးရဲမ်ိဳးဟိန္းကို ေမးၾကည့္ေတာ့ အခုလိုေျပာပါတယ္။

"အာဏာရွင္ေတြဟာ သူတို႔အာဏာရဖို႔အတြက္ နည္းမ်ိဳးစုံလုပ္ခဲ့တယ္။သူတို႔အာဏာ တည္ၿမဲဖို႔အတြက္ နည္းမ်ိဳးစုံလုပ္ခဲ့တယ္။ ခ်န္ဒူးဝမ္ဆိုရင္ ကြမ္ဂ်ဴးဒီမိုကေရစီ အေရးေတာ္ပုံႀကီးကို ရက္ရက္စက္စက္ ဖိႏွိပ္သတ္ျဖတ္တာေတြလုပ္ခဲ့တယ္။ေနာက္ဆုံး ရဟတ္ယာဥ္ပါသုံးၿပီးေတာ့ သတ္ျဖတ္တာေတြ လုပ္ခဲ့တယ္။ အဲဒီအာဏာရွင္ေတြဟာ အသက္ရွင္ေနတဲ့ ကာလအတြင္းမွာလည္း လူ႔ဂုဏ္သိကၡာနဲ႔ အညီအသက္မရွင္ႏိုင္ ဘူး။ ရွင္လ်က္နဲ႔ေသေနတဲ့ လူလိုျဖစ္ခဲ့ရ တယ္။ခ်န္ဒူးဝမ္ကိုၾကည့္မယ္ဆိုရင္လည္း ေနာက္ပိုင္းမွာ ျပစ္ဒဏ္ေတြျပန္လည္ေပး ဆပ္ခဲ့ရ တယ္။ သူ႔အေနနဲ႔စာအုပ္ေရးတာ ကိုေတာင္မွ လူထုက ဝိုင္းဝန္းကန႔္ကြက္တာေတြ ရွိတယ္။အသက္ရွင္စဥ္မွာတင္ မဟုတ္ဘူး၊ေသသြားတဲ့အခ်ိန္မွာလည္း သမိုင္းအရိပ္မည္းႀကီးက သူ႔ေနာက္ကပ္ပါေနမယ္။ သမိုင္းအရိပ္မည္းႀကီးက ေဖ်ာက္ဖ်က္လို႔ မရဘူး။အဲဒီေတာ့အာဏာရွင္ေတြနဲ႔ပတ္သက္ၿပီးေျပာရရင္ အာဏာရွင္ေတြဟာ ရွင္ေနတဲ့အခ်ိန္မွာလည္း ေသလူလို ျဖစ္ေန တယ္။ေ သသြားတဲ့ အခ်ိန္မွာလည္း သမိုင္းအရိပ္မည္းႀကီး ကေဖ်ာက္ဖ်က္လို႔မ ရဘူး။အၿမဲတမ္းသူ႔ေနာက္က အရိပ္မည္းႀကီး ကပ္ပါေနမွာပဲလို႔ျမင္ပါတယ္။"

တခ်ိဳ႕ကေတာ့ ခ်န္ဒူးဝမ္ဟာ ရက္စက္ ၾကမ္းၾကဳတ္စြာ အုပ္ခ်ဳပ္သြားတာ မွန္ပါတယ္။ဒါေပမဲ့ သူ႔လက္ထက္မွာ တိုင္းျပည္စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ခဲ့ပါတယ္လို႔ ေစာဒကတက္သူေတြလည္းရွိပါတယ္။ အဲဒီလို ယူဆသူေတြထဲမွာ သမၼတေလာင္းေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ Yoon Seok-youl လည္းပါဝင္ပါ တယ္။အဲဒီလိုေျပာၾကားမိလို႔ ေတာင္ကိုရီးယားျပည္သူေတြရဲ႕ ျပင္းထန္တဲ့တုန္ျပန္ေဝဖန္မႈ ကိုခံရပါတယ္။ဒါေၾကာင့္ သူ႔ေျပာစကားေတြအတြက္ ေနာက္ပိုင္းမွာျပန္လည္ေတာင္းပန္ ခဲ့ၿပီး ကြမ္ဂ်ဴးၿမိဳ႕ကအမွတ္တရဂူဗိမာန္ကိုသြားခဲ့ေပမဲ့ ေဒသခံလူထုက လမ္းပိတ္ဆို႔ထား လို႔ သြားခြင့္မရခဲ့ပါဘူး။

ဒါေၾကာင့္ အာဏာကို တရားေသာနည္းနဲ႔ မရယူဘဲ လက္နက္အားကိုးတဲ့နည္းလမ္း တနည္းအားျဖင့္စစ္တပ္အားကိုးနဲ႔ အာဏာသိမ္းကာ ျပည္သူ႔ဆႏၵကို လစ္လ်ဴရႈၿပီး ျပည္သူေတြကို ညႇင္းပန္းႏွိပ္စက္သတ္ျဖတ္တဲ့ အာဏာရွင္ေတြဟာ အသက္ရွင္စဥ္မွာ လည္း ေသလူလို ျဖစ္ၾကရၿပီး လူေတာမတိုးပါဘူး။ ေသသြားခဲ့ရင္လည္း သားစဥ္ေျမးဆက္ သမိုင္းအရိပ္မည္းႀကီးက ထပ္ၾကပ္မကြာ လိုက္ေနဦးမယ္ဆိုတာ စစ္အာဏာရွင္ေဟာင္း ခ်န္ဒူးဝမ္ ျဖစ္စဥ္ေတြက အထင္အရွားျပသလို႔ေနပါၿပီ။ သူမ်ားသားသင္ ကိုယ့္သားတတ္ဆိုသလိုမ်ိဳး သင္ခန္းစာယူႏိုင္ၾကပါေစခင္ဗ်ား။

--------------------------------------------------

အသက်ရှင်နေပေမဲ့ သေလူ ဖြစ်ခဲ့ရတဲ့စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ်ရဲ့ သင်ခန်းစာ


တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ်ဟာ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်နေ့က အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ချန်ဒူးဝမ်ဟာ ကိုရီးယား စစ်တက္ကသိုလ်အပတ်စဉ် (၁၁)ဆင်းတစ်ဦး ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ဘဝနဲ့ ၁၉၇၉ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံ ကိုအုပ်ချုပ်ခဲ့ တာပါ။ အာဏာရှင်တွေရဲ့ထုံးစံအတိုင်း တိုင်းပြည်ကို ခပ်ကြမ်းကြမ်းနဲ့ ရက်စက်စွာ အုပ်ချုပ်ခဲ့လို့ သူ့ကို Iron -fisted လို့တောင် နာမည်ပေးကြ ပါတယ်။ သံလက်သီးနဲ့ အုပ်ချုပ်သူဆိုပါတော့။

ချန်ဒူးဝမ်ကွယ်လွန်ချိန်မှာ ကမ္ဘာ့သတင်းစာကြီးတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့အကျယ်တဝင့် ရေးသားကြတာ တွေ့ရပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာကြီးက "စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ် အသက် ၉၀ အရွယ်မှာ ကွယ်လွန်"လို့ ခေါင်းစဉ်ပေးပြီး ရေးသားပါတယ်။ ကမ္ဘာကျော် The Economist မဂ္ဂဇင်းကြီးကတော့ "ချန်ဒူးဝမ်သေဆုံးခြင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းစာမျက်နှာတစ်ခု ပြီးဆုံးသွားပြီ"လို့ ခေါင်းစဉ်ပေးပါတယ်။အယ်ဂျားဇီးယားသတင်းဌာနကတော့ "တောင်ကိုရီးယားရဲ့ စစ်အာဏာရှင် ချန်ဒူးဝမ် အသက် ၉၀ အရွယ်မှာ ကွယ်လွန်" ဆိုပြီးခေါင်းစဉ်ပေးကာ ၁၉၇၉ ခုနှစ်မှာ အာဏာသိမ်းခဲ့တာက အစ၊ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို ချေမှုန်းတာ အလယ်၊ သူ့ရဲ့ပိုင်ဆိုင်မှုတွေ အဆုံး ရေးသားထားပါတယ်။ အယ်ဂျားဇီးယားက အာဏာရှင်ဟောင်း ချန်ဒူးဝမ်ရဲ့ပိုင်ဆိုင်မှုတွေကို ဖော်ပြထားရာမှာတော့ ငွေသားအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၅ သန်းနဲ့ အိမ်အပါအဝင် ဇိမ်ခံပစ္စည်းတွေ ပိုင်ဆိုင်မှုကအမေရိကန်ဒေါ်လာ ၁၈၅.၆ သန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။သူ့ရဲ့သားသမီးတွေနဲ့ ဆွေမျိုးတွေဟာ တောင်ကိုရီးယားနိုင်ငံ ရဲ့မြို့တော် ဆိုးလ်အပါအဝင် အမေရိကန်ပြည်ထောင်စုမှာပါ မြေနဲ့ ဈေးကြီးတဲ့ အိမ်ယာတွေ ပိုင်ဆိုင်ထားတယ် လို့ ဆိုပါတယ်။

ချန်ဒူးဝမ်ဟာ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာမှာ အာဏာသိမ်းခဲ့ပါတယ်။သူအာဏာသိမ်းပြီး သိပ်မကြာခင် ၁၉၈၀ မေလမှာတော့ ဒီမိုကရေစီလိုလားတဲ့ ကျောင်းသား တစ်သောင်းခွဲကျော်ဟာ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ကွမ်ဂျူးမြို့ လမ်းမတွေပေါ် ထွက်လာကြပြီး ဆန္ဒပြကြပါတယ်။ အဲ့ဒီလိုကျောင်းသားတွေ ဆန္ဒပြတာကို ချန်ဒူးဝမ် ကရက်စက်စွာ သတ်ဖြတ်ချေမှုန်းခဲ့တဲ့အတွက် ကျောင်းသား ၂၀၀ ခန့် သေဆုံးပြီး၁,၈၀၀ ကျော် ဖမ်းဆီးခြင်း ခံခဲ့ကြရပါတယ်။အဲဒီလို ရက်စက်စွာ သတ်ဖြတ်ချေမှုန်းခဲ့ပေမယ်လို့ ချန်ဒူးဝမ် ဟာ ကွမ်ဂျူးလူသတ်ပွဲကိစ္စနဲ့ ပတ်သက်ပြီး သူသေဆုံးချိန်အထိ မှားပါတယ်၊ သူ့မှာ တာဝန်ရှိပါတယ်လို့ ဝန်မခံခဲ့ပါဘူး။ ဒါပေမယ်လို့ ချန်ဒူးဝမ်ရဲ့ဇနီးကတော့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ချန်ဒူးဝမ်ရဲ့ အသုဘအခမ်းအနားမှာ သူ့ခင်ပွန်းရဲ့ ရက်စက်တဲ့ အုပ်ချုပ်မှုအောက်မှာ နာကျင်ခဲ့ရတာတွေ ၊ထိခိုက်ခံစားခဲ့ကြရ တာတွေအတွက် မိသားစုကိုယ်စား တောင်းပန်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

၁၉၇၉ မှာ အာဏာသိမ်းပြီး သမ္မတဖြစ်လာတဲ့ ချန်ဒူးဝမ်ဟာ ၁၉၈၇ မှာ ကျောင်းသားတွေဦးဆောင်တဲ့ နိုင်ငံနဲ့အဝှမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ရပြန်ပါတယ်။ အဲ့ဒီဆန္ဒပြပွဲတွေရဲ့ ဖိအားကြောင့်ပဲ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ဆင်ပေးရပြီး ၁၉၈၈ခုနှစ်၊ ဖေဖော်ဝါရီမှာတော့ သမ္မတရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။ ၁၉၈၈၊နိုဝင်ဘာလ ၁၁ ရက်မှာ ချန်ဒူးဝမ်ဟာ သူ့ရဲ့ လုပ်ရပ်တွေအတွက် ပြည်သူကို ဝန်ချတောင်းပန်ခဲ့ပြီး သူအာဏာရှိစဉ်က ရယူထားတဲ့ နိုင်ငံ့ဘဏ္ဍာငွေတွေကို ပြန်လည်ပေးဆပ်ပါမယ်လို့ ကတိပြုခဲ့ပါတယ်။ သမ္မတရာထူးက ဆင်းပေးပြီး နှစ်နှစ်အကြာမှာ ဖမ်းဆီးခံရပြီး နောက်ပိုင်းမှာ တရားစွဲဆိုခြင်းခံခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်၊ သြဂုတ်လမှာတော့ တရားရုံးက ချန်ဒူးဝမ်ကို အကျင့်ပျက်ခြစားမှု၊ အာဏာဖီဆန်မှု၊နိုင်ငံတော်သစ္စာဖောက်မှု တွေနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။ အဲ့ဒီလို သေဒဏ်ချမှတ်ခဲ့ပေမယ့် ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာတော့အမျိုးသား ရင်ကြားစေ့ရေးအစီအစဉ်အရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ ပါတယ်။

တောင်ကိုရီးယားအာဏာရှင် ချန်ဒူးဝမ်ရဲ့သမိုင်းဟာ မြန်မာနိုင်ငံနဲ့လည်း တစ်စိတ်တစ်ပိုင်း ဆက်စပ်နေတာကို တွေ့ရမှာပါ။ ၁၉၈၃ ခုနှစ်က သမ္မတချန်ဒူးဝမ်အနေနဲ့မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ အဲဒီချစ်ကြည်ရေးခရီးစဉ်အတွင်း အောက်တိုဘာ ၉ ရက်နေ့ မှာ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာလွမ်းသူ့ပန်းခွေ ချချိန် မြောက်ကိုရီးယားနိုင်ငံရဲ့ ဗုံးခွဲလုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ဗုံးခွဲလုပ်ကြံမှုမှာ သမ္မတချန်ဒူးဝမ် အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ သူ့ရဲ့ဝန်ကြီးအဖွဲ့ဝင်တွေ အများအပြားသေဆုံးခဲ့ရပါတယ်။ ချန်ဒူးဝမ် လာရောက်လည်ပတ်ခဲ့တဲ့ အချိန်က မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်ဦးနေဝင်း အုပ်စိုးနေချိန်ပါ။ ချန်ဒူးဝမ်ကမှ သေဆုံးချိန်မှာ သူ့ရဲ့ ဈာပနကို ကောင်းမွန်စွာပြုလုပ်ခွင့် ရပါသေးတယ်။ မြန်မာနိုင်ငံက အာဏာရှင်ကြီး ဦးနေဝင်းကတော့ သူသေဆုံးချိန်မှာ သူ့ရဲ့ဈာပနဟာ ဆွေမျိုး မိသဂ်ဟတွေ၊တပည့်သားမြေးတွေ တက်ရောက်ဖို့မဆိုထားနဲ့ သူ့ရဲ့မိသားစုဝင်တွေတောင် စုံလင်စွာ တက်ရောက်ခွင့် မရခဲ့ပါဘူး။ အာဏာရှင်တွေရဲ့ဇာတ်သိမ်းဟာ မလှပခဲ့ပါဘူးဆိုတာကို တွေ့ကြရမှာပါ။ သံဝေဂ ယူစရာ ကောင်းလှပါတယ်။

ချန်ဒူးဝမ်ဟာ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးအနေနဲ့ အာဏာသိမ်းတယ်။အဲဒီကနေ သမ္မတဖြစ်လာတယ်။ အာဏာသိမ်းပြီး ၉ နှစ်အကြာမှာ နိုင်ငံနဲ့အဝှမ်းဆန့်ကျင်ဆန္ဒပြလို့ သမ္မတရာထူးကဆင်းပေးခဲ့ ရတယ်။ရာထူးကဆင်းပေးပြီးတဲ့နောက် အဖမ်းခံရ၊နောက်ပိုင်းမှာ တရားရားစွဲဆိုခြင်းခံရပြီး သေဒဏ်ပေးခံရ တယ်။အမျိုးသား ရင်ကြားစေ့ရေးအစီ အစဉ်အရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပေမဲ့ သူ့ကို သမိုင်းနဲ့ပြည်သူတွေက ခုချိန်ထိ ခွင့်မလွှတ်ကြပါဘူး။ဒါအပြင် ချန်ဒူးဝမ်အာဏာရှိစဉ်က ရယူထားတဲ့ နိုင်ငံတော် ဘဏ္ဍာငွေတွေကို သူ့မိသားစုက ပြန်လည်ပေးဆပ်နေရဆဲပါ။၂၀၂၀ ဒီဇင်ဘာမှာ နိုင်ငံတော်ကိုပြန်လည်ပေးဆပ်ရန် ဝမ်ဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ ၈၄.၂ သန်း)ကျန်နေသေးတယ်လို့သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ အာဏာရှင်တစ်ယောက်ရဲ့ဇာတ်သိမ်း၊တစ်နည်းအားဖြင့် ချန်ဒူးဝမ်ရဲ့ဖြစ်စဉ်တွေက ဘာသတင်းစကားများ ချန်ထားခဲ့ပါသလဲလို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ Woodrow Wilson Center က သုတေသီ ဦးရဲမျိုးဟိန်းကို မေးကြည့်တော့ အခုလိုပြောပါတယ်။

"အာဏာရှင်တွေဟာ သူတို့အာဏာရဖို့အတွက် နည်းမျိုးစုံလုပ်ခဲ့တယ်။သူတို့အာဏာ တည်မြဲဖို့အတွက် နည်းမျိုးစုံလုပ်ခဲ့တယ်။ ချန်ဒူးဝမ်ဆိုရင် ကွမ်ဂျူးဒီမိုကရေစီ အရေးတော်ပုံကြီးကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်တာတွေလုပ်ခဲ့တယ်။နောက်ဆုံး ရဟတ်ယာဉ်ပါသုံးပြီးတော့ သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီအာဏာရှင်တွေဟာ အသက်ရှင်နေတဲ့ ကာလအတွင်းမှာလည်း လူ့ဂုဏ်သိက္ခာနဲ့ အညီအသက်မရှင်နိုင် ဘူး။ ရှင်လျက်နဲ့သေနေတဲ့ လူလိုဖြစ်ခဲ့ရ တယ်။ချန်ဒူးဝမ်ကိုကြည့်မယ်ဆိုရင်လည်း နောက်ပိုင်းမှာ ပြစ်ဒဏ်တွေပြန်လည်ပေး ဆပ်ခဲ့ရ တယ်။ သူ့အနေနဲ့စာအုပ်ရေးတာ ကိုတောင်မှ လူထုက ဝိုင်းဝန်းကန့်ကွက်တာတွေ ရှိတယ်။အသက်ရှင်စဉ်မှာတင် မဟုတ်ဘူး၊သေသွားတဲ့အချိန်မှာလည်း သမိုင်းအရိပ်မည်းကြီးက သူ့နောက်ကပ်ပါနေမယ်။ သမိုင်းအရိပ်မည်းကြီးက ဖျောက်ဖျက်လို့ မရဘူး။အဲဒီတော့အာဏာရှင်တွေနဲ့ပတ်သက်ပြီးပြောရရင် အာဏာရှင်တွေဟာ ရှင်နေတဲ့အချိန်မှာလည်း သေလူလို ဖြစ်နေ တယ်။ေ သသွားတဲ့ အချိန်မှာလည်း သမိုင်းအရိပ်မည်းကြီး ကဖျောက်ဖျက်လို့မ ရဘူး။အမြဲတမ်းသူ့နောက်က အရိပ်မည်းကြီး ကပ်ပါနေမှာပဲလို့မြင်ပါတယ်။"

တချို့ကတော့ ချန်ဒူးဝမ်ဟာ ရက်စက် ကြမ်းကြုတ်စွာ အုပ်ချုပ်သွားတာ မှန်ပါတယ်။ဒါပေမဲ့ သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်လို့ စောဒကတက်သူတွေလည်းရှိပါတယ်။ အဲဒီလို ယူဆသူတွေထဲမှာ သမ္မတလောင်းရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် Yoon Seok-youl လည်းပါဝင်ပါ တယ်။အဲဒီလိုပြောကြားမိလို့ တောင်ကိုရီးယားပြည်သူတွေရဲ့ ပြင်းထန်တဲ့တုန်ပြန်ဝေဖန်မှု ကိုခံရပါတယ်။ဒါကြောင့် သူ့ပြောစကားတွေအတွက် နောက်ပိုင်းမှာပြန်လည်တောင်းပန် ခဲ့ပြီး ကွမ်ဂျူးမြို့ကအမှတ်တရဂူဗိမာန်ကိုသွားခဲ့ပေမဲ့ ဒေသခံလူထုက လမ်းပိတ်ဆို့ထား လို့ သွားခွင့်မရခဲ့ပါဘူး။

ဒါကြောင့် အာဏာကို တရားသောနည်းနဲ့ မရယူဘဲ လက်နက်အားကိုးတဲ့နည်းလမ်း တနည်းအားဖြင့်စစ်တပ်အားကိုးနဲ့ အာဏာသိမ်းကာ ပြည်သူ့ဆန္ဒကို လစ်လျူရှုပြီး ပြည်သူတွေကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ အာဏာရှင်တွေဟာ အသက်ရှင်စဉ်မှာ လည်း သေလူလို ဖြစ်ကြရပြီး လူတောမတိုးပါဘူး။ သေသွားခဲ့ရင်လည်း သားစဉ်မြေးဆက် သမိုင်းအရိပ်မည်းကြီးက ထပ်ကြပ်မကွာ လိုက်နေဦးမယ်ဆိုတာ စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ် ဖြစ်စဉ်တွေက အထင်အရှားပြသလို့နေပါပြီ။ သူများသားသင် ကိုယ့်သားတတ်ဆိုသလိုမျိုး သင်ခန်းစာယူနိုင်ကြပါစေခင်ဗျား။

XS
SM
MD
LG