သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျောင်းသားတွေအတွက် စက်ဘီး တသောင်း Lesswalk လှူမည်


စကာၤပူနဲ့ မလေးရှားနိုင်ငံတို့မှာ လုပ်ငန်းဖျက်သိမ်းလိုက်တဲ့ စက်ဘီး အငှား ကုမ္ပဏီတွေ ဖြစ်တဲ့ ofo နဲ့ oBike တို့က စက်ဘီး အစီးရေ ၁ သောင်းကို မြန်မာနိုင်ငံက လိုအပ်နေတဲ့ ကျောင်းသားတွေကို လှူဒါန်းဖို့ မြန်မာ အကူအညီပေးရေး အဖွဲ့ ဖြစ်တဲ့ Lesswalk က ဝယ်ယူလိုက်ပါတယ်။

ဒီစက်ဘီးတွေကိုတော့ ချို့တဲ့တဲ့ မိသားစုတွေ၊ ၁ မိုင်ကျော်ကျော် ခြေလျင်လျှောက် ကျောင်းတက်နေရသူတွေကို အခမဲ့ ဖြန့်ဝေမယ်လို့လည်း Lesswalk တည်ထောင်သူ Mike Than Tun Win က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။ စက်ဘီးတွေ ဝယ်ယူ၊ ပြင်ဆင် သယ်ဆောင်ရတဲ့ စာရိတ် စုစုပေါင်းက အမေရိကန် ဒေါ်လာ ၃ သိန်းခွဲကနေ ၄ သိန်းလောက် ကုန်ကျပြီး ကုန်ကျစာရိတ် ထက်ဝက်ကိုတော့ စပွန်ဆာပေးသူတွေက ပေးချေမယ်လို့ ခန့်မှန်းရပြီး ကျန်တာကိုတော့ Lesswalk က ကျခံမယ်ဆိုပြီးလည်း စကာၤပူ Straits Times က ဖော်ပြပါတယ်။

လက်ရှိမှာ စက်ဘီး ၃ ထောင်လောက် သဘောၤနဲ့ ရောက်ရှိလာပြီး ကျန်တာတွေကတော့ ဇွန်လကုန်လောက်မှာ ရောက်မယ်လို့ ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ် အကုန်မှာ အားလုံးကို ပေးအပ်မှာ ဖြစ်ပါတယ်။ စက်ဘီး အငှားလုပ်ငန်းတွေ ဖြစ်တဲ့ ofo နဲ့ oBike တို့က လုပ်ငန်းနားလိုက်ပြီးနောက်မှာတော့ လုပ်ငန်းကနေ ငွေပြန်ဖော်ဖို့ အတွက် စက်ဘီး အတော်များများကို သံတိုသံစ အဖြစ် ရောင်းချခဲ့တာပါ။ ဒီစက်ဘီးတွေကိုတော့ စကာၤပူက စက်ဘီးအငှားလုပ်ငန်းဖြစ်တဲ့ Anywheel က ကြားလူ အဖြစ်နဲ့ ကူညီ ဝယ်ယူပေးခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG