အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ဇနီး မစ်ရှဲ အိုဘားမားတို့ဟာ Let Girls Learn ဆိုတဲ့ မိန်းကလေးတွေ ပညာသင်ကြားခွင့် ပြုပါဆိုတဲ့ ကမ္ဘာတ၀ှမ်း လှုပ်ရှားမှုကို မတ်လ ၃ ရက်နေ့က စတင်ခဲ့ပါတယ်။ သမ္မတကတော် မစ်ရှဲ အိုဘားမားကလည်း မတ်လ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ဂျပန်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဆီကို သွားရောက်ပြီး မိန်းကလေးတွေ ပညာသင်ကြားခွင့် ရရှိရေး နိုးကြားမှုရှိစေအောင် ဆောင်ရွက်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာရော မိန်းကလေးတွေ ပညာသင်ကြားခွင့် အခြေအနေ ဘယ်လိုရှိပါသလဲ။ အကြောင်းစုံကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်းတင်ဆက်ထားပါတယ်။