သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီစီမံကိန်း အက်ဆစ်နံ့ ပြဿ နာ လွှတ်တော် အရေးယူမှု အားနည်း


ကြေးနီစီမံကိန်းကို ဒေသခံတွေ ဆန္ဒပြနေပုံ
ကြေးနီစီမံကိန်းကို ဒေသခံတွေ ဆန္ဒပြနေပုံ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲမှာ လုပ်ဆောင်နေ တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းကို တိုးချဲ့ပြီး လုပ်ဆောင်နေသလို ကြေးနီ ထုတ်လုပ်မူတွေက ထွက်တဲ့ အက်ဆစ်နံ့တွေကို ရှူရှိုက်နေရတာကြောင့် ဒီစီမံကိန်းကို ဆက်မလုပ်ဖို့ ဒေသခံတွေက တောင်းဆိုနေ ကြပေမယ့် လွှတ်တော်ဘက်က ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ကြုံနေရဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်း ယင်မားပင်ခရိုင် ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကကြေးနီထုတ်လုပ်နေမူတွေကို တားဆီးခဲ့ပေမဲ့ ကုမ္ပဏီတွေက စီမံကိန်းနေရာ ၃ ခု လောက် မှာ ကြေးနီ ထုတ်လုပ်မူကို တိုးချဲ့ပြီး လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ အက်ဆစ်အနံ့တွေကို ရှူရှိုက်နေရတယ်လို့ ဇီ်းတောရွာ ၊ စန်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးအာလောက က မိန့်ပါတယ်။

“ဒေသခံလူထုမှာတော့ တော်တော်များများကတော့ ဒီအက်ဆစ်အနံ့တွေ ရှူရှိုက်နေ ရတယ်။ ဆည်တည်းရွာတို့ဆိုရင် ခြံစည်းရိုးတောင်ဘက်မှာပဲရှိတာဆိုတော့ ခံစားရကြတယ်။ ဒီအက်ဆစ်အနံ့တွေရှူရှိုက်နေရတယ်၊ မျက်စိတွေစပ်တာမျိုး တို့ တော်တော် များများဖြစ်လာပြီ။ သူတို့ကလည်း အခုဆိုရင် ၂ နေရာ ၃ နေရာ အထိ ကြေးထုတ်တာတွေ ဖြစ်လာပြီပေါ့ဗျာ။ တောင်တန်းမှာကတခု ၊ ကတက် ကုန်းပေါ့နော် အဲဒီအရှေ့နားမှာလည်း တခုပေါ့နော် ဒီကြေးထုတ်လုပ်တဲ့နေရာတွေ ၂ ခု ၃ ခုထိ ဖြစ်နေပြီ။”

ဒေသခံတောင်သူတဦးကလည်း သူတို့နေစဉ်ကြုံနေရတဲ့ အက်ဆစ်နံ့တွေနဲ့ ပတ်သက်လို့ အခုလိုပြောပြပါတယ်။

“ဟုတ်တယ် အက်ဆစ်နံ့တွေကတော့ နံနေတယ်။ သူတို့က နေ့တဓူဝလို ဖြန်းနေတဲ့ အခါကျတော့ တော်တော်လေးအနံ့ဆိုးတွေက ထွက်နေတယ်။ သူတို့ ဖြန်းတဲ့ အချိန်မှာ ဒီရွာသားတွေသွားတဲ့အခါကတော့ ဒီရွာနဲ့ သူတို့ စီမံကိန်းကြားမှာကျတော့ ရွာသုံးရေ၊ ချိုးရေရှိတယ်လေ။ အဲဒါကိုရေချိုးသွားတဲ့အခါကျတော့ သူတို့ ဖြန်းတဲ့ အချိန်နဲ့တွေ့တဲ့အခါကျတော့ မျက်စိထဲဝင်တော့ စပ်တယ်။ ကြာရှည်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်နိုင်လောက်တယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာတော့ ကြေးနီပြားတွေသယ်ဆောင်လာတဲ့ ကားကို ဒေသခံတွေက ပိတ်ဆို့တားဆီးပြီး သီးနှံလျော်ကြေးပေးဖို့ အပါအဝင် စီမံကိန်းဖျက်သိမ်းရေး ဆန္ဒ ပြတောင်းဆိုကြတာကြောင့် တင်းမာမှုတွေ ဖြစ်ပွားခဲ့ ပါတယ်။ ဒီကိစ္စကို ဆာလင်းကြီးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် က ဒေသခံတွေကိုယ်စား ကုမ္ပဏီနဲ့ ဆွေးနွေးပေးပါမယ် လို့ ပြောဆိုဆွေးနွေး တာကြောင့် ဖယ်ရှားပေးခဲ့တာပါ။ အခုအခါမှာတော့ ဒေသခံလွှတ်တော် ကိုယ် စားလှယ်တွေ ကို ပြည်သူလွတ်တော်မှာ ဆွေးနွေးဖို့တင်ပြခဲ့ပေမဲ့ဘာမှ ထူးခြားမူမရှိလာသေးဘူးလို့ဆရာတော်ဦးအာလောက က မိန့်ပါတယ်။

“သူတို့ဘက်က ဘာတွေပြောလာသလဲဆိုတော့ လွှတ်တော်အမတ် တော်တော် များများက စာတင်ပါ၊ ဆိုတာကိုပဲ အထိကထားပြီးတော့ စာပဲတင်ခိုင်းနေ တာပေါ့နော်။ စာတင်မယ် ဒီအမတ်တွေကိုလည်း သွားရောက်တွေ့ဆုံပြောသော် လည်း ဘာမှထူးခြားလာတာ မတွေ့သေးဘူး။မရှိဘူးပေါ့နော်။”

ကန့်ကွက် ဆန္ဒပြမူတွေ အများအပြားကြုံနေရတဲ့ စီမံကိန်းဟာ သေနတ်တွေ ပစ်ခတ်မှုတွေနဲ့ လူသတ်မူတွေ ဖြစ်တဲ့အထိ ပြဿ လနာတွေလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကတော့ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့ တာကြောင့် သံဃာအပါး ၁၀၀ ခန့်ဟာ မီးလောင်ဒဏ်ရာတွေ ရခဲ့တာပါ။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ရေး ကော်မရှင် ဖွဲ့စစ်ဆေး ခဲ့ပြီး အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ ဒီစီမံကိန်းကို အရင်တုန်းကတော့ ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွာရေး ဦးပိုင်ကုမ္ပဏီလိမီတက်တို့ ကသာ အကျိုးအမြတ် ခွဲဝေယူခဲ့ပြီး အစီရင်ခံစာထွက်အပြီးမှတော့ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်း နဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ် ခွဲဝေယူဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG