အမေရိကန်ပြည်ထောင်စုမှာ နွေရာသီရောက်ပြီဆိုတာနဲ့ လူငယ်ကြိုက် ရုပ်ရှင်ကားတွေ များများစားစား ရုံတင်လာတာ တွေ့ရပါတယ်။ မယ်နှင်းဖြူလေးကို တခေတ်ဆန်း ပြန်ရိုက်ကူးထားတဲ့ Mirror Mirror ရုပ်ရှင်ကားလို .. The Brave ရုပ်ရှင်ကားလို ဇာတ်ကားမျိုးတွေကို ပရိတ်သတ်တွေ အကြိုက်တွေ့လာ ကြတာပါ။ အမေရိကားက နောက်ဆုံးပေါ် ရုပ်ရှင်ကားတွေ တူတူကြည့်ကြရအောင်ပါ။