သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာရောဂါတိုက်ဖျက်ရေး လိုင်ဘေးရီးယားတိုးမြှင့်ဆောင်ရွက်


လိုင်ဘေးရီးယားသမ္မတ Ellen Johnson-Sirleaf.
လိုင်ဘေးရီးယားသမ္မတ Ellen Johnson-Sirleaf.

အီဘိုလာရောဂါဒဏ်ကိုအပြင်းထန်ဆုံးခံခဲ့ရတဲ့ လိုင်ဘေးရီးယားနိုင်ငံက လာမယ့် ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်နေ့ရောက်တဲ့အထိ နောက်ထပ် ရောဂါပိုး အကူးစက်ခံရသူမရှိအောင် နိုင်ငံံ့ရဲ့ရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်ဖို့ ကြေညာလိုက်ပါတယ်။

လိုင်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf က တနင်္ဂနွေနေ့ နိုင်ငံတော် မိန့်ခွန်းပြောကြားရာမှာ အီဘိုလာရောဂါဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ လိုင်ဘေးရီးယားနိုင်ငံအတွက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်တဲ့ လမ်းကြောင်းဟာ ခက်ခဲမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နောင်မှာ အခုလို ကူးစက်ရောဂါမျိုးဖြစ်ပွားခဲ့ရင် ရင်ဆိုင်နိုင်အောင် နိုင်ငံ့ကျန်းမာရေး ပြုစုစောင့်ရှောက်မှုအပိုင်းမှာ ပိုကောင်းအောင်လုပ်ဆောင်ဖို့ပါ လိုအပ်တယ်လို့ ပြောပါတယ်။

သမ္မတ Sirleaf က သူ့အစိုးရဝန်ကြီးများအဖွဲ့ထဲက အဖွဲ့ဝင်အတော်များများကို အပြောင်းအလဲတွေ လုပ်ခဲ့ပြီး နိုင်ငံ့ရဲ့ စိန်ခေါ်မှုတွေကို နားလည်မယ့် အရာရှိတွေကို ခန့်အပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အနောက်အာဖရိက ဒေသမှာ အီဘိုလာကြောင့် သေဆုံးသူ ၅ ထောင်ကျော် ရှိတဲ့ထဲက လူပေါင်း ၂၈၀၀ ကျော်က လိုင်ဘေးရီးယား နိုင်ငံက ဖြစ်ပါတယ်။

XS
SM
MD
LG