သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအရှေ့ဘက်ခြမ်း အဓိက မြို့နှစ်မြို့ကို သူပုန်တွေသိမ်းပိုက်


Libyan rebels jubilate after taking the city of Ajdabiya, south of Benghazi, eastern Libya, Saturday, March 26, 2011. Libyan rebels regained control of the eastern gateway city of Ajdabiya on Saturday after international airstrikes on Moammar Gadhafi's f
Libyan rebels jubilate after taking the city of Ajdabiya, south of Benghazi, eastern Libya, Saturday, March 26, 2011. Libyan rebels regained control of the eastern gateway city of Ajdabiya on Saturday after international airstrikes on Moammar Gadhafi's f

လစ်ဗျားနိုင်ငံ အရှေ့ခြမ်းက အဓိက မြို့နှစ်မြို့ကို သိမ်းပိုက်လိုက်နိုင်ပြီလို့ လစ်ဗျားသူပုန်တွေက ပြောပါတယ

လစ်ဗျားနိုင်ငံ အရှေ့ခြမ်းက အဓိက မြို့နှစ်မြို့ကို သိမ်းပိုက်လိုက်နိုင်ပြီလို့ လစ်ဗျားသူပုန်တွေက ပြောပါတယ်။ လစ်ဗျားအစိုးရတပ်တွေကို နိုင်ငံတကာက လေကြောင်းကနေ တိုက်ခိုက်ပြီး တပတ်အကြာမှာ သူပုန်တွေ အခုလို လစ်ဗျားအရှေ့ခြမ်းမြို့ကို ပြန်သိမ်းပိုက်နိုင်တာပါ။

လစ်ဗျားအရှေ့ဖက်ခြမ်း Ajdabiay အာ(ချ်)ဒါဘိယာ မြို့ကို သိမ်းပိုက်အပြီး နာရီပိုင်းအကြာမှာပဲ ရေနံတွင်းတွေ ရှိတဲ့ Brega ဘရီဂါ မြို့ကို စနေနေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သူပုန်တွေက ကြေညာပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမါ ကဒါဖီကို သစ္စာခံတဲ့တပ်တွေကို အဲဒီဒေသတွေကနေ မောင်းထုတ်နိုင်ခဲ့ပြီလို့ ပြောပါတယ်။ သူပုန်တွေဘက်က အခုလို ကြေညာတဲ့အပေါ် သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

လွန်ခဲ့တဲ့ တပတ်ကျော်ကတော့ ဒီမြို့ကို အစိုးရတပ်တွေက သိမ်းပိုက်ခဲ့လို့ သူပုန်တွေ လက်လွတ် ဆုံးရှုံး ခဲ့ရ ပါတယ်။ ဒါပေမယ့် နိုင်ငံတကာတပ်တွေက အစိုးရတပ်တွေကို လေကြောင်းက တိုက်ခိုက်နေခဲ့တာကြောင့် ဒီမြို့ကို သူပုန်တွေ ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မြို့ထဲမှာတော့ အစိုးရတပ်သား တဒါဇင်ကျော်ရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒီမြို့ဟာ အတိုက်အခံတပ်တွေရဲ့ အဓိက ခြေကုပ်စခန်းဖြစ်တဲ့ ဘန်ခါဇီမြို့နဲ့ မိုင် တရာနီးပါး အကွာမှာ ရှိနေပါတယ်။

မြို့တော် ထရီပိုလီအရှေ့ဘက်က သူပုန်တွေ ထိန်းချုပထားတဲ့ Misrata မစ်ရာတာမှာတော့ လစ်ဗျား အစိုးရလေယာဉ် ငါးစင်းနဲ့ ရဟတ်ယာဉ်နှစ်စင်းကို ပြင်သစ်တိုက်လေယာဉ်တွေက ဖျက်ဆီးပစ်ခဲ့တယ်လို့ ပြင်သစ် စစ်တပ်က ပြောပါတယ်။ နိုင်ငံတကာညွန့်ပေါင်းတပ်က လေယာဉ်တွေဟာ ထရီပိုလီအနီးအနားက ကဒါဖီတပ်တွေကို ပစ်ခတ်တိုက်ခိုက်နေပါတယ်။ တချိန်တည်းမှာပဲ အခုဖြစ်နေတဲ့ အကျပ်အတည်းကို သံတမန်ရေးနည်းအရဖြေရှင်းဖို့ အစီအစဉ်ရှိတယ်လို့ လစ်ဗျားတာဝန်ရှိသူတွေက ကြေညာထားပါတယ်။

XS
SM
MD
LG