သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားမှာ အဝေးထိန်း ဒုံးလေယာဉ် အသုံးပြုဖို့ အိုဘားမားခွင့်ပြု


လစ်ဗျားမှာ အဝေးထိန်း ဒုံးလေယာဉ် အသုံးပြုဖို့ အိုဘားမားခွင့်ပြု
လစ်ဗျားမှာ အဝေးထိန်း ဒုံးလေယာဉ် အသုံးပြုဖို့ အိုဘားမားခွင့်ပြု

လစ်ဗျားနိုင်ငံအတွက် တိုက်ခိုက်နေမှုတွေမှာ မောင်းသူမဲ့ အဝေးထိန်းဒုံလေယာဉ်နဲ့ ပစ်ခတ်ခွင့်ကို အမေရိကန်သမ္မတ ဘရက်အိုဘားမားက အတည်ပြုပေးခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ နေတိုးဦးဆောင်ပြီး လစ်ဗျားအတွက် တိုက်ခိုက်နေမှုတွေမှာ သုံးဖို့ အမေရိကန်နိုင်ငံရဲ့ အစွမ်းထက်တဲ့ စစ်သုံး မောင်းသူမဲ့ လေယာဉ်တွေကို ပေးအပ်နိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် က ကြာသပတေးနေ့မှာ ပြောပါတယ်။

လစ်ဗျားခေါင်းဆာင် မိုမာကဒါဖီဟာ သူ့ကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို ချေမုန်းဖို့အတွက် ကလက်စတာ ဗုံးလို့ခေါ်တဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ဗုံးမျိုး သုံးနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ကြာသပတေးနေ့ အစောပိုင်းမှာ ပြောကြားလိုက်ပါတယ်။

တချိန်တည်းမှာပဲ လစ်ဗျားနိုင်ငံ အနောက်ပိုင်း တူနီးရှားနယ်စပ်က ထရစ်ပိုလီနဲ့ မိုင် ၁၄၀ အကွာမှာရှိတဲ့ ဝေးလံှတဲ့ နယ်စပ်ဂိတ်တွေကို အတိုက်အခံ လက်နက်ကိုင်တွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လစ်ဗျား တပ်မှူးကြီးတဦးနဲ့ ဗိုလ်မှူးကြီးတဦး အပါအဝင် လစ်ဗျားစစ်သား ၁၃ ဦးဟာ တူနီးရှားနယ်စပ် ဖြတ်ကျော်လာတုန်းမှာပဲ အဖမ်းခံခဲ့ရတယ်လို့ တူနီးရှားအစိုးရရဲ့ TAP သတင်းမှာ ဖော်ပြပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီရဲ့ သစ္စာခံတပ်တွေထဲက စစ်သား ၁၀၀ လောက် တူနီးရှားဘက်ကို ထွက်ပြေးပြီး လက်နက်ချခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လစ်ဗျား ထရစ်ပိုလီကြားက ပင်မနယ်စပ်ဂိတ်ကိုတော့ လစ်ဗျားအစိုးရ တပ်တွေက ထိန်းချုပ်ထားပါတယ်။

တချိန်တည်းမှာပဲ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ မစ်ရာတာ မြို့မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG