သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားနိုင်ငံမှာ ပါတီစုံရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ


လစ်ဗျားနိုင်ငံမှာ မဲရုံတွေ ပိတ်သွားပြီဖြစ်ပြီး ရက်အတော်ကြာတဲ့အထိ မဲ ရလဒ်တွေ မထွက်နိုင်သေးပေမဲ့ နိုင်ငံသား အများအပြားကတော့ လမ်းတွေပေါ်ထွက်ပြီး ပျော်မြူးနေကြပါတယ်။ စနေနေ့က ကျင်းပခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း နိုင်ငံရဲ့ ပထမဆုံး ပါတီစုံ ရွေးကောက်ပွဲက နိုင်ငံကို တခေတ်ဆန်းစေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထရစ်ပိုလီမြို့တော်နဲ့ လစ်ဗျား နိုင်ငံတလွှား မဲရုံတွေဆီကို မဲဆန္ဒရှင်တွေ အများကြီး ရောက်လာခဲ့ကြပါတယ်။

မြို့တော်က တခြား နေရာတွေမှာဆိုရင် မဲရုံမဖွင့်ခင် တနာရီကျော် ကတည်းက လာစောင့်နေကြတာတွေ ရှိပါတယ်။ စနေနေ့ ရွေးကောက်ပွဲဟာ အများအားဖြင့် အေးအေးချမ်းချမ်းနဲ့ မဲပေးကြတာ တွေ့ရပါတယ်။

နိုင်ငံမှာ ယာယီအစိုးရဖွဲ့ပြီး နောက်နှစ်မှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲဖို့အတွက် အမျိုးသားလွှတ်တော် အမတ်နေရာ ၂၀၀ အတွက် လစ်ဗျားနိုင်ငံသား သုံးသန်းနီးပါး မဲပေးဖို့ မှတ်ပုံတင်ခဲ့ကြတာပါ။ ဖွင့်ဖို့စီစဉ်ထားတဲ့ မဲရုံ အရေအတွက်ထက် ၄၉ % ဖွင့်နိုင်ခဲ့တယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။

နိုင်ငံအရှေ့ခြမ်းက ဘန်ဂါဇီနဲ့ အဂျက်ဘီယာ မြို့တွေ အပါအဝင် တချို့မြို့တွေမှာ ပြဿနာ နည်းနည်း ရှိခဲ့ပြီး ဆန္ဒပြသူတချို့က မဲရုံတွေကို နှောက်ယှက်ပြီး မဲစာရွက်တွေကို မီးရှို့ပစ်ခဲ့တာတွေ ရှိပါတယ်။

XS
SM
MD
LG