သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားသူပုန်ကို တရားဝင်အာဏာပိုင်အဖြစ် အမေရိကန်နဲ့ နိုင်ငံ ၃၀ ကျော် အသိအမှတ်ပြု


လစ်ဗျားသူပုန်ကို တရားဝင်အာဏာပိုင်အဖြစ် အမေရိကန်နဲ့ နိုင်ငံ ၃၀ ကျော် အသိအမှတ်ပြု
လစ်ဗျားသူပုန်ကို တရားဝင်အာဏာပိုင်အဖြစ် အမေရိကန်နဲ့ နိုင်ငံ ၃၀ ကျော် အသိအမှတ်ပြု

လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီ အနေနဲ့ မြောက်အာဖရိက တိုင်းပြည်တွေအပေါ်မှာ တရားဝင် အုပ်ချုပ်ရေး အာဏာ လုံးဝမရှိတော့ကြောင်း ကြေညာပြီး လစ်ဗျားအသွင်ကူးပြောင်းရေး အမျိုးသားကောင်စီကို အသိအမှတ်ပြုတဲ့အကြောင်း အမေရိကန်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ လစ်ဗျားနိုင်ငံမှာ ၄၂ နှစ်ကြာ အာဏာထိန်းချုပ်ခဲ့တဲ့ မစ္စတာ ဂဒါဖီကို ရာထူးက ဖြုတ်ချဖို့ မဟာဗျူဟာ ချမှတ်ဖို့အတွက် ဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ အဓိက အနောက်နိုင်ငံတွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံကြရာမှာ ကြာသပတေးနေ့က ဒီကြေညာချက်ကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဂဒါဖီ ရာထူးက ထွက်ပြီးတဲ့နောက် ဒီမိုကရက်တစ် လစ်ဗျားနိုင်ငံမှာ နိုင်ငံတကာ လိုက်နာရမယ့်စည်းကမ်း တာဝန်တွေကို ထမ်းဆောင်ပြီးတော့ လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံခြားငွေကြေး အထောက်အပံ့တွေကို လစ်ဗျားပြည်သူတွေအတွက် အသုံးပြုမယ့် နိုင်ငံတကာ လစ်ဗျား ဆက်သွယ်ရေးအဖွဲ့ရဲ့ လုပ်ငန်းစဉ်တရပ်ကို လစ်ဗျားအတိုက်အခံတွေဘက်က တင်ပြခဲ့တယ်လို့ ဝန်ကြီးကလင်တန်က ပြောဆိုပါတယ်။

သူပုန်တွေနဲ့ မစ္စတာ ဂဒါဖီ သစ္စာခံတပ်တွေအကြား တိုက်ပွဲတွေ ကြိုကြားဖြစ်ပေါ်နေစဉ်အတွင်းမှာ နေတိုးတပ်ဖွဲ့ဝန်တွေရဲ့ ဂဒါဖီ ဖြုတ်ချရေး တိုက်ပွဲတွေမှာ ပိုပြီးတော့ အချိန်မြင့်လာမယ်ဆိုတာ ထင်ရှားကြောင်း သူက ပြောပါတယ်။ ဂဒါဖီရဲ့ နောက်ဆုံးနေ့တွေကို လက်ချိုးရေလို့ ရနေပြီလို့လည်း မစ္စ်ကလင်တန်က ပြောပါတယ်။ မစ္စတာ ဂဒါဖီ အာဏာစွန့်ရမှာ သေချာတယ်၊ ဒါပေမဲ့ ဘယ်တော့လဲဆိုတဲ့ မေးခွန်းပဲ ကျန်တော့တယ်လို့ ဝန်ကြီးကလင်တန်က ပြောဆိုပါတယ်။

ဂဒါဖီ ထောက်ခံသူတွေ အနေနဲ့ ဂဒါဖီ မရှိတော့တဲ့လစ်ဗျားမှာ သူတို့ရဲ့ အခန်းကဏ္ဍရှိဦးမှာလားဆိုတဲ့ ကိစ္စကို ဆုံးဖြတ်သင့်ပြီလို့လည်း သူက ပြောပါတယ်။ ယုံမှားသံသယမရှိဘဲ မစ္စတာ ဂဒါဖီ အာဏာစွန့်ရမယ်ဆိုတာကို ကြည့်မြင်နိုင်ဖို့အတွက် ဂဒါဖီရဲ့ နောက်လိုက်တွေကို ဝန်ကြီးကလင်တန်က သတိပေးပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG