သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရစ်ဂါကို လစ်ဗျားသူပုန်တွေ စတင် ထိုးစစ်ဆင်


ဘရစ်ဂါကို လစ်ဗျားသူပုန်တွေ စတင် ထိုးစစ်ဆင်
ဘရစ်ဂါကို လစ်ဗျားသူပုန်တွေ စတင် ထိုးစစ်ဆင်

လစ်ဗျားသူပုန်တွေရဲ့ အသွင်ကူးပြောင်းရေးကောင်စီကို တရားဝင်မှုရှိတယ်လို့ ကမ္ဘာ့နိုင်ငံ တော်တော်များများက နိုင်ငံရေးအရတိုးမြင့်ပြီး တရားဝင် အသိအမှတ်ပြုခဲ့တဲ့နောက်ပိုင်း မဟာဗျူဟာအရအရေးပါတဲ့ ဘရစ်ဂါမြို့ကို သိမ်းပိုက်နိုင်ဖို့ စတင် ထိုးစစ်ဆင်နေပြီလို့ သူပုန်တွေက ပြောပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ထိုးစစ်ဆင်မှုတွေ ပြန်စနိုင်ဖို့ သူတို့တပ်ဖွဲ့တွေရဲ့ ရှေ့တန်းကလူတွေ မြို့ထဲကို စပြီးထိုးဖောက် ဝင်ရောက်ခဲ့ကြပြီလို့ သူပုန်တွေက ဒီကနေ့ပဲ ပြောပါတယ်။

မကြာခင်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုတွေ ရှိတယ်ဆိုတာကိုလည်း သူတို့ဘက်က ပြောထားပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီရဲ့အစိုးရဟာ နိုင်ငံရေးအရ တရားဝင်မှု မရှိတော့ဘူး။ သူပုန်တွေ ဖွဲ့စည်းထားတဲ့ TNC လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီကပဲ တရားဝင်တယ်လို့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံ ၃၀ ကျော်က မနေ့တုန်းကပဲ အသိအမှတ်ပြုခဲ့ကြပြီးနောက်ပိုင်း ရေနံထွက်ပြီး အချက်အချာကျတဲ့ ဘရစ်ဂါမြို့ကို ထိုးစစ်ဆင်မှုတွေ သူပုန်တွေဘက်က စတင်ခဲ့တာပါ။

နှစ်ပေါင်း ၄၀ ကျော် တိုင်းပြည်ကိုအုပ်ချုပ်လာတဲ့ လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီကို ဖြုတ်ချရေး လစ်ဗျား အတိုက်အခံတွေနဲ့ ခိုင်ခိုင်မာမာ ပေါင်းစည်းထားတယ်လို့ အနောက်နိုင်ငံတွေနဲ့ လစ်ဗျားဒေသတွင်းက အားကောင်းတဲ့နိုင်ငံတွေက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကြေညာခဲ့ပါတယ်။ အခုလို လစ်ဗျား အတိုက်အခံတွေကို နိုင်ငံတော်တော်များများက တရားဝင် အသိအမှတ်ပြုလိုက်တဲ့ကိစ္စကို လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီကတော့ လက်မခံဘူးလို့ ငြင်းဆိုတဲ့အကြောင်း သူ့ကို ထောက်ခံသူတွေကို ဇီလ်တန်မြို့မှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG