သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအကျဉ်းသား ၁,၀၀၀ ကျော် ထောင်ဖောက်ပြေး


လစ်ဗျားနိုင်ငံတလွှား ဆန္ဒပြသူတွေက နိုင်ငံရေးပါတီရုံးတွေကို ဝင်စီးခဲ့ရာကနေ လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့နားက အကျဉ်းထောင်ကနေ အကျဉ်းသား ၁,၀၀၀ ကျော် လွတ်သွားခဲ့ပါတယ်။

စနေနေ့က Al-Kuifiya အကျဉ်းထောင်ဖောက်မှုဟာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်မှုရှိမရှိ၊ အကျဉ်းသားတွေဟာ အပြင်ကလူတွေရဲ့ အကူအညီ ရယူခဲ့ခြင်း ရှိမရှိဆိုတာကတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ဝန်ကြီးချုပ် Ali Zeidan က သူတို့ပတ်ဝန်းကျင်မှာ အကျဉ်းထောင်ရှိနေတာကို မလိုလားတဲ့ဒေသခံတွေက ထောင်ဖောက် ဖျက်နိုင်အောင် အကျဉ်းသားတွေကို အကူအညီပေးခဲ့တယ်လို့ အပြစ်ဖို့ ပြောဆိုသွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထရစ်ပိုလီနဲ့ ဘန်ဂါဇီ မြို့တွေမှာ ထောင်နဲ့ချီတဲ့ လစ်ဗျားပြည်သူတွေဟာ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ အပါအဝင် နိုင်ငံရေးပါတီတွေကို ဆန့်ကျင်တဲ့ ကန့်ကွက်ပွဲတွေကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။ သူတို့က တိုင်းပြည်တဝှမ်းဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေအပေါ်မှာ ပြစ်တင်ပြောဆိုထားပါတယ်။

ဆန့်ကျင်ဆန္ဒပြသူ အတော်များများက ထရစ်ပိုလီမှာရှိနေတဲ့ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ ရုံးခန်းနဲ့ တခြား အစ္စလာမ် မဟာမိတ်ရုံးခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ကြပြီး ပရိဘောဂတွေကို ဖျက်ဆီးခဲ့ကြပါတယ်။

ဘန်ဂါဇီမှာရှိတဲ့ မူဆလင်ညီအစ်တော်များအဖွဲ့ရဲ့ ရုံးခန်းလည်း အစီးနင်းခံရတဲ့အကြောင်း မျက်မြင်သက်သေတွေက ပြောကြပါတယ်။
XS
SM
MD
LG