သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီရဲ့ခြေကုပ်စခန်းကို စတင် စစ်ဆင်

کرہ ارض پر گرم و سخت ترین آب و ہوا رکھنے والے صحراؤں میں سے ایتھوپیا کا دانکل صدیوں سے نمک کے تاجروں کی توجہ کا مرکز رہا ہے۔
کرہ ارض پر گرم و سخت ترین آب و ہوا رکھنے والے صحراؤں میں سے ایتھوپیا کا دانکل صدیوں سے نمک کے تاجروں کی توجہ کا مرکز رہا ہے۔

လစ်ဗျားခေါင်းဆောင် ဂဒါဖီ သစ္စာခံတပ်တွေကို လက်နက်ချဖို့ နောက်ဆုံးသတ်မှတ်ချိန် မတိုင်ခင်မှာပဲ လစ်ဗျား ယာယီအစိုးရတပ်တွေဟာ အခု ဂဒါဖီတပ်တွေရဲ့ အမာခံနယ်မြေတွေကို ဝင်ရောက် နေရာယူနေကြပါတယ်။

ဘန်နီဝါလစ် (Bani Walid) မြို့ထဲမှာ သောကြာနေ့က ဂဒါဖီတပ်တွေနဲ့ ယာယီအစိုးရတပ်တွေ လမ်းတွေပေါ် တိုက်ပွဲတွေ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဂဒါဖီ သစ္စာခံတပ်တွေက ဒုံးလက်နက်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC) ရဲ့ တပ်တွေဟာ အခု မြို့ထဲကို ဝင်ရောက် နေရာယူနေကြတာ ဖြစ်ပါတယ်။ NTC က တိုက်ခိုက်ရေးသမားတဦးနဲ့ ဂဒါဖီတိုက်ခိုက်ရေးသမား အနည်းဆုံး သုံးဦးတို့ သေဆုံးခဲ့တယ်လို့ NTC တပ်က ပြောပါတယ်။

ဂဒါဖီတပ်တွေအနေနဲ့ အခု စနေနေ့ နောက်ဆုံးထားပြီး သူတို့ထိန်းချုပ်ထားရာ အမာခံနယ်မြေကနေ လက်နက်ချစွန့်ခွာဖို့ လစ်ဗျားယာယီအာဏာပိုင်က အခုသတင်းပတ်အစောပိုင်းက သတ်မှတ်ချိန်ပေးထားပါတယ်။ ဒါဟာ အရပ်သားတွေကို ထိခိုက်စေမယ့်အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့ ဖြစ်တယ်လို့ NTC က ပြောပါတယ်။

တချိန်တည်းမှာပဲ နေတိုးတပ်ကလည်း သောကြာနေ့မှ ဘန်နီဝါလစ် မြို့အနားမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပြီး ဂဒါဖီတပ်တွေရဲ့ Scud ဒုံးလက်နက်နှစ်ခုကို ဖျက်ဆီးလိုက်တယ်လို့ NATO က ကြေညာပါတယ်။ ဂဒါဖီရဲ့ မွေးရပ်မြေ ဆာတေး (Sirte) မှာလည်း သောကြာနေ့က ကဒါဖီတပ်တွေနဲ့ လစ်ဗျား အာဏာပိုင်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG