သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီအုပ်စိုးမှု အဆုံးသတ်ကြောင်း လစ်ဗျားကြေညာ


ဂဒါဖီအုပ်စိုးမှု အဆုံးသတ်ကြောင်း လစ်ဗျားကြေညာ

လစ်ဗျားနိုင်ငံဟာ ဂဒါဖီရဲ့ ၄၂ ကြာအုပ်ချုပ်မှုကနေ လွတ်မြောက်ခဲ့ပြီလို့ နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အခမ်းအနားမှာ လစ်ဗျားယာယီခေါင်းဆောင်တွေက ကြေညာလိုက်ပါတယ်။ အဲဒီအခမ်းအနားကို လူပေါင်း သောင်းနဲ့ချီပြီး တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီရဲ့ ခေါင်းဆောင် မူစတာဖာ အဗ္ဗဒဲလ် ဂျလေး (Mustafa Abdel Jalil) က “ဂဒါဖီခေတ်လွန်ကာလတွေမှာ အစ္စလာမ်ဥပဒေတွေကသာ ဥပဒေပြုဖို့အတွက် အဓိကအရင်းအမြစ်တွေ ဖြစ်မယ်လို့” - လစ်ဗျားပြည်သူတွေကို တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ လစ်ဗျားနိုင်ငံကို စတင် ပြန်လည်တည်ဆောက်မှာ ဖြစ်တဲ့အတွက် လစ်ဗျားပြည်သူတွေအနေနဲ့ အမုန်းတရားတွေကို ပယ်ဖျက်ဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

လစ်ဗျားပြည်သူတွေဟာ ၁၉၆၉ ခုနှစ်တုန်းက ဂဒါဖီ ဖြုတ်ချခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်တုန်းက သုံးခဲ့တဲ့ လစ်ဗျားအလံတွေကို ဝှေ့ယမ်းပြီး အောင်ပွဲခံခဲ့ကြပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ မစ္စတာဂျလေးက ဒီတော်လှန်ရေးအတွင်း အသက်ပေးသွားခဲ့တဲ့ အတိုက်အခံတပ်ဖွဲ့ဝင်တွေနဲ့ ထောင်ပေါင်းများစွာသေ ဆန္ဒပြသူတွေကို ဂုဏ်ပြုခဲ့ပြီး သူတို့ဘက်က ကူပြီးတိုက်ပေးခဲ့တဲ့ နေတိုးနဲ့ အာရပ်နိုင်ငံတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

တခြားသတင်းတစ်ပုဒ်မှာတော့ ဆီရီးယားအစိုးရအနေနဲ့ ဆန္ဒပြသူတွေကို ဆက်ပြီး အကြမ်းဖက် ဖြိုခွင်းနေမယ် ဆိုရင် အရေးယူပိတ်ဆို့တာတွေကို ဆက်လုပ်သွားမယ်လို့ ဥရောပသမဂ္ဂက ခြိမ်းခြောက်လိုက်ပါတယ်။

XS
SM
MD
LG