သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား ယာယီဝန်ကြီးချုပ်သစ် ခန့်


လစ်ဗျား ယာယီဝန်ကြီးချုပ်သစ် ခန့်
လစ်ဗျား ယာယီဝန်ကြီးချုပ်သစ် ခန့်

လစ်ဗျားနိုင်ငံမှာ ယာယီဝန်ကြီးချုပ်သစ်အဖြစ်နဲ့ အင်ဂျင်နီယာ Abdel-Rahim El Keib ကို လစ်ဗျား အသွင်ကူးပြောင်းရေးကောင်စီ NTC က ရွေးချယ်လိုက်ပါတယ်။ တနင်္လာနေ့မှာ လစ်ဗျားက နေတိုးတပ်ဖွဲ့တွေရဲ့ လုပ်ငန်းတွေရပ်ဖို့ မသတ်မှတ်ခင် နာရီအတော်ကြာကတည်းက NTC ကောင်စီကနေ မဲခွဲဆုံးဖြတ်ချက် ကျခဲ့တာဖြစ်ပါတယ်။

ဒီလိုရွေးချယ်နိုင်ခဲ့တာကို နေတိုးအဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ လစ်ဗျားမှာ ၇ လကြာ ဗုံးကျဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ နေတိုးအဖွဲ့ရဲ့ အကြီးအကဲဟာ ထရစ်ပိုလီမြို့ကို တနင်္လာနေ့က သွားရောက်နေချိန်မှာ အခုလို ပြောဆိုသွားခဲ့တာပါ။

လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီလက်ထဲကနေ အာဏာကို တိုက်ယူခဲ့တဲ့ လစ်ဗျားအသွင်ကူးပြောင်းရေး တပ်ဖွဲ့ကို နေတိုးက ကူညီခွင့်ရခဲ့တဲ့အတွက် ဝမ်းသာတယ်လို့လည်း ပြောပါတယ်။ လစ်ဗျားဟာ အခုနောက်ဆုံးမှာ လွတ်လပ်ခဲ့ပြီမို့ ဒီလိုလွတ်လပ်ရေးရအောင် ပြောင်းလဲနိုင်ခဲ့တဲ့ လစ်ဗျားပြည်သူတွေဟာ ဒေသတွင်း အပြောင်းအလဲကိုပါ ဖြစ်စေတာမို့ ချီးကျူးဂုဏ်ပြုတယ်လို့ဆိုပါတယ်။

နေတိုး အကြီးအကဲဟာ NTC အကြီးအကဲ Mustafa Abdel Jalil အပါအဝင် လစ်ဗျား အသွင်ကူးပြောင်းရေးကောင်စီအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ထရစ်ပိုလီမြို့ကို ရောက်နေတာပါ။ ဒါဟာ နေတိုး အကြီးအကဲအနေနဲ့ လစ်ဗျားကို ပထမဆုံးသွားရောက်တာ ဖြစ်ပြီး လစ်ဗျား အနာဂတ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ နေတိုးအဖွဲ့ရဲ့ အကူအညီ ပံ့ပိုးနိုင်မှု အတိုင်းအတာကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။

XS
SM
MD
LG