သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီ့သားကြီးကို ICC ခုံရုံးတင်ရေး ဆွေးနွေး


ဂဒါဖီ့သားကြီးကို ICC ခုံရုံးတင်ရေး ဆွေးနွေး

လစ်ဗျားကြားဖြတ်အစိုးရဟာ ဖမ်းမိထားတဲ့ ကွယ်လွန်သူ အာဏာရှင်ဆောင်ဟောင်း မိုမာ ဂဒါဖီရဲ့သား ဆာအိအယ်လ်အစ္စလာမ် ဂဒါဖီ (Saif al-Islam Gadhafi) ရဲ့အမှုကို ဘယ်မှာ ကြားနာမလဲ ဆိုတဲ့ကိစ္စအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) နဲ့ ဆွေးနွေးနေပါတယ်။ ဒီကိစ္စကို ဆွေးနွေးဖို့အတွက် သူ မကြာခင် လစ်ဗျားနိုင်ငံကိုသွားမယ်လို့ ICC ရဲ့ အကျိုးဆောင်ရှေ့နေ လူးဝစ် မိုရာနို အိုကမ်ပို (Luis Moreno Ocampo) က ပြောပါတယ်။

လစ်ဗျားနိုင်ငံအနောက်ပိုင်း ဇင်တန် (Zintan) မြို့က ကြားဖြတ် အစိုးရတပ်ဖွဲ့တွေက ဆာအိအယ်လ်အစ္စလာမ် ကို တိုင်းပြည်တောင်ပိုင်း သဲကန္တာရအတွင်းမှာ စနေနေ့ မိုးမလင်းခင်လေးမှာ ဖမ်းမိလိုက်ကြတာပါ။ နောက်ပိုင်း ညွန့်ပေါင်းအစိုးရက သူ့ကို ဇင်တန်မြို့ကို လေယာဉ်နဲ့ ခေါ်လာခဲ့ပါတယ်။

ဖခင်ဖြစ်သူ ဂဒါဖီရဲ့ အရိုက်အရာကို လက်ခံရယူမယ့်သူလို့ သတ်မှတ်ခံထားရတဲ့ ဆာအိအယ်လ်အစ္စလာမ်ကို လစ်ဗျားနိုင်ငံအတွင်းမှာပဲ ရုံးတင် စစ်ဆေးလိုတဲ့အကြောင်း လစ်ဗျားအရာရှိတချို့က ပြောပါတယ်။

ဖခင်ဖြစ်သူ ဂဒါဖီ အာဏာရနေစဉ်အတွင်း ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ရာမှာ လူမဆန်တဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့မှုနဲ့ တရားစွဲဆိုဖို့ နယ်သာလန် အခြေစိုက် ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဆာအိအယ်လ်အစ္စလာမ်၊ အာဏာရှင်ဟောင်း မိုမာဂဒါဖီနဲ့ ထောက်လှမ်းရေး အကြီးအကဲတို့ကို ဇွန်လအတွင်း ဖမ်းဝရမ်း ထုတ်ထားခဲ့တာပါ။

အာဏာရှင်ဟောင်း မိုမာဂဒါဖီကိုတော့ ကြားဖြတ်အစိုးရ တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က သူ့ရဲ့ ဇာတိ Sirte မြို့မှာ သတ်ပစ်ခဲ့ကြပါတယ်။

XS
SM
MD
LG