သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံ နောက်တမြို့ လစ်ဗျားအစိုးရတပ် သိမ်းပိုက်

အတိုက်အခံ နောက်တမြို့ လစ်ဗျားအစိုးရတပ် သိမ်းပိုက်
အတိုက်အခံ နောက်တမြို့ လစ်ဗျားအစိုးရတပ် သိမ်းပိုက်

လစ်ဗျားနိုင်ငံရဲ့ အဓိက ရေနံထုတ်တဲ့ မြို့တမြို့ဖြစ်တဲ့ ဘရက်ဂါ (Brega) ကို ခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီလို့ လစ်ဗျား ရုပ်မြင်သံကြား သတင်းတွေမှာ ဖော်ပြပါတယ်။

ဘရက်ဂါမြို့ဟာ လက်နက်ကိုင် သောင်းကျန်းသူတွေ ရန်ကနေ ကင်းလွတ်သွားပြီလို့ စစ်တပ်ဘက်က ပြောတာကို ကိုးကားပြီး လစ်ဗျား ရုပ်မြင်သံကြား သတင်းတွေမှာ ဖော်ပြကြတာပါ။ အဲဒီသတင်း မှန်မမှန် ဆိုတာကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

အရင်ကတော့ မဟုတ်မှန်တဲ့ သတင်းတွေကို လစ်ဗျား ရုပ်မြင်သံကြားဌာနက ဖော်ပြလေ့ ရှိပါတယ်။ ဒါပေမဲ့ မစ္စတာ ကဒါဖီကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက လက်နက်ကြီးတွေ၊ အမြောက်တွေနဲ့ အကြီးအကျယ် ထိုးစစ်ဆင်နေတဲ့အတွက် တော်လှန်ရေး အင်အားစုတွေ ဘရက်ဂါမြို့ထဲကနေ ဆုတ်ခွာနေရတဲ့အကြောင်း တနင်္ဂနွေနေ့ အစောပိုင်းက ပြင်သစ် သတင်းဌာနတခုမှာ ဖော်ပြထားပါတယ်။

မြို့တော် ထရီပိုလီနဲ့ ၁၂၅ မိုင်လောက်ဝေးတဲ့ မီဆူရာတာ (Misurata) မြို့ကို ကဒါဖီတပ်ဖွဲ့တွေက လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ အနောက်တိုင်း သတင်းဌာနတွေက စနေနေ့မှာ ဖော်ပြကြပါတယ်။

အတိုက်အခံ အင်အားစုတွေ လက်ထဲကနေ ပြန်လည် သိမ်းပိုက်လိုက်နိုင်တဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) နဲ့ ဘင်ဂျဝပ်ဒ် (Bin Jawad) မြို့တွေကို လစ်ဗျားအာဏာပိုင်တွေက သတင်းထောက်တွေကို လိုက်လံ ပြသခဲ့ပါတယ်။

This item is part of
XS
SM
MD
LG