သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုန် ချမှတ်ဖို့ လုံခြုံရေးကောင်စီ ဆွေးနွေး


လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုန် ချမှတ်ဖို့ လုံခြုံရေးကောင်စီ ဆွေးနွေး
လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုန် ချမှတ်ဖို့ လုံခြုံရေးကောင်စီ ဆွေးနွေး

လစ်ဗျားနိုင်ငံကို လေယာဉ်မပျံသန်းရ နယ်မြေအဖြစ် သတ်မှတ်ရေး ဆုံးဖြတ်ချက်ချဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးနေကြတဲ့ အချိန်မှာပဲ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ထောက်ခံတဲ့ အစိုးရတပ်တွေက လစ်ဗျားသူပုန်တွေရဲ့ ခြေကုတ်စခန်းကို မနေ့က အပြင်းအထန် တိုက်ခိုက်ခဲ့ကြပါတယ်။

နိုင်ငံအနောက်ပိုင်းက အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မီစ်ရာတာမြို့ကို အစိုးရတပ်တွေက အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အဲဒီမှာ လူအနည်းဆုံး ၅ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံအရှေ့ပိုင်းက အက်ချ်ဒါဗီယာမြို့ကိုလည်း အစိုးရတပ်တွေက အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အစိုးရကတော့ ဒီမြို့ကို သူတို့ပြန်ပြီး ထိန်းချုပ်လိုက်ပြီလို့ ဆိုပေမဲ့ အတိုက်အခံတွေကတော့ မဟုတ်ဘူးလို့ ငြင်းပါတယ်။

အတိုက်အခံတွေ လုံး၀ ထိန်းချုပ်ထားတဲ့ နိုင်ငံအရှေ့ဘက်စွန်းက ဘန်ဂါဇီမြို့ကို သွားတဲ့လမ်းမှာ အက်ချ်ဒါဗီယာမြို့က အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ အကြီးဆုံးမြို့တခု ဖြစ်ပါတယ်။ ဘန်ဂါဇီမြို့နေ လူထုကို လက်နက်တွေ ပြန်အပ်ဖို့နဲ့ အစိုးရကို ထောက်ခံကြဖို့ လစ်ဗျားအစိုးရက တိုက်တွန်းနေပါတယ်။

ဘန်ဂါဇီမြို့မှာ ကူညီရေးတွေ ဆောင်ရွက်နေတဲ့ ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကတော့ အရပ်သူ အရပ်သားတွေနဲ့ ကျန်းမာရေး လုပ်သားတွေရဲ့ အသက်ကို ချမ်းသာပေးဖို့ တိုက်ခိုက်နေကြတဲ့ အစိုးရဘက်ရော အတိုက်အခံဘက်ကိုပါ မေတ္တာရပ်ခံထားပါတယ်။

XS
SM
MD
LG