သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအပေါ် လေကြောင်းတိုက်ခိုက်မှု အာရပ်အဖွဲ့ချုပ် ဝေဖန်


လစ်ဗျားအပေါ် လေကြောင်းတိုက်ခိုက်မှု အာရပ်အဖွဲ့ချုပ် ဝေဖန်
လစ်ဗျားအပေါ် လေကြောင်းတိုက်ခိုက်မှု အာရပ်အဖွဲ့ချုပ် ဝေဖန်

လစ်ဗျားနိုင်ငံအပေါ် နိုင်ငံတကာ တပ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်က ဝေဖန်လိုက်ပါတယ်။ အာရပ်အဖွဲ့ချုပ်က ပြီးခဲ့တဲ့ အပတ်ကပဲ လစ်ဗျားနိုင်ငံအပေါ် မပျံသန်းရဇုန် သတ်မှတ်ဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့တာပါ။

လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ တောင်းဆိုတဲ့အခါတုန်းက အာရပ်အဖွဲ့ချုပ်က လိုလားခဲ့တာထက် ပိုပြီး စစ်ရေးအရ တိုက်ခိုက်ခဲ့တယ်လို့ အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် အမ် မူဆာ (Amr Moussa) က ပြောပါတယ်။ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ အာရပ်အဖွဲ့ချုပ်က လိုလားတာပါ၊ သူတို့အပေါ် ဗုံးကြဲဖို့ မဟုတ်ပါဘူးလို့ သူက ကိုင်ရိုမှာ သတင်းစာဆရာတွေကို ပြောပါတယ်။

ကာတာနိုင်ငံက လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ဆန့်ကျင်တဲ့ နိုင်ငံတကာ စစ်ဆင်ရေးကို ကူညီဖို့ လေယာဉ်တွေကို ပို့ပေးနေတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ဒီအချိန်မှာပဲ ကြေညာလိုက်ပါတယ်။

လစ်ဗျားမှာ အရမ်းကာရော အင်အား အသုံးပြုနေတယ်လို့ ရုရှားက ပြောဆိုပြီး အရပ်သား ပြည်သူတွေ သေကျေနေတဲ့အတွက် နိုင်ငံတကာ အသိုက်အဝန်းကို ရပ်လိုက်ဖို့ ရုရှားက တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပါတယ်။

လစ်ဗျားနိုင်ငံအပေါ် လေကြောင်းကနေ စီးနင်းတိုက်ခိုက်ရာမှာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပစ်မှတ်တွေ ပါဝင်နေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

စီးနင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၈ ယောက် သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာ ရသွားခဲ့ကြပါတယ်။ မြို့တော် ထရီပိုလီကနေ သူ့ရဲ့ သံတမန်တွေနဲ့ တခြား ရုရှား နိုင်ငံသားတွေကို ပြောင်းရွှေ့နေပြီလို့ ရုရှားက ကြေညာပါတယ်။

လေယာဉ်မပျံသန်းရဇုန်အဖြစ် အရင်တခါတုန်းက ပြဋ္ဌာန်းခဲ့တာကတော့ ၁၉၉၁ ပင်လယ်ကွေ့ စစ်ပွဲအတွင်းက ဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က လုပ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG