သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအပေါ် လေကြောင်းစစ်ဆင်ရေး နိုင်ငံစုံ ပိုမို ပါဝင်လာ


လစ်ဗျားအပေါ် လေကြောင်းစစ်ဆင်ရေး နိုင်ငံစုံ ပိုမို ပါဝင်လာ
လစ်ဗျားအပေါ် လေကြောင်းစစ်ဆင်ရေး နိုင်ငံစုံ ပိုမို ပါဝင်လာ

ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ လစ်ဗျားနိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန် သတ်မှတ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတဲ့ မဟာမိတ် တပ်ဖွဲ့တွေထဲမှာ နောက်ထပ် အနောက်နိုင်ငံတွေ ထပ်ပြီး ပူးပေါင်းပါဝင်လာသလို လစ်ဗျားမြို့တော် ထရီပိုလီ (Tripoli) မှာ လေယာဉ်ပစ် လက်နက်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေသလို မြို့တော်ကို တုန်ခါသွားစေတဲ့အထိ အနည်းဆုံး ပေါက်ကွဲမှုတခု တနင်္လာနေ့က ဖြစ်ခဲ့ပါတယ်။

တနင်္လာနေ့ည နောက်ပိုင်းကစလို့ ထရီပိုလီမှာ ပေါက်ကွဲသံတွေနဲ့ လက်ယာဉ်ပစ် လက်နက်သံတွေကို ကြားနေခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ စစ်လေယာဉ်တွေရဲ့ နောက်ထပ် တိုက်ခိုက်မှုတွေအောက်မှာ လစ်ဗျားမြို့တော် ကျရောက်နေတယ်လို့ လစ်ဗျားအစိုးရ ရုပ်မြင်သံကြားတွေက ပြောပါတယ်။

နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့တွေရဲ့ စစ်လေယာဉ်တွေ လစ်ဗျားဝေဟင်မှာ နေ့ခင်းပိုင်းတွေမှာ ပျံသန်းကင်းလှည့်ဖို့ အမေရိကန်စစ်တပ်ရဲ့ အာဖရိကဆိုင်ရာ စစ်ဌာန အကြီးအကဲက အမိန့်ပေးထားပါတယ်။

အခု စစ်ရေးလုပ်ငန်းတွေမှာ အမေရိကန်နဲ့အတူ နိုင်ငံပေါင်း ၇ နိုင်ငံ ပါဝင် လှုပ်ရှားနေကြပါတယ်။

XS
SM
MD
LG