သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားပဋိပက္ခ အဆုံးသတ်ရေး ကဒါဖီ ကိုယ်စားလှယ်လွှတ်


လစ်ဗျားပဋိပက္ခ အဆုံးသတ်ရေး ကဒါဖီ ကိုယ်စားလှယ်လွှတ်
လစ်ဗျားပဋိပက္ခ အဆုံးသတ်ရေး ကဒါဖီ ကိုယ်စားလှယ်လွှတ်

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) က လစ်ဗျားနိုင်ငံတွင်း တိုက်ခိုက်နေမှုတွေကို အဆုံးသတ်စေချင်တယ်လို့ ဂရိဝန်ကြီးချုပ် ဂျော့ချ် ပါပန်ဒရို (George Papandreou) ကို မစ္စတာ ကဒါဖီရဲ့ သံတမန်က ပြောကြားခဲ့ကြောင်း ဂရိ အရာရှိတွေက ပြောပါတယ်။

လစ်ဗျား အာဏာပိုင်တွေဟာ အတိုက်အခံတပ်တွေနဲ့ တိုက်ခိုက်နေမှုတွေအတွက် အဖြေရှာချင်နေပုံ ရတယ်လို့ ဂရိ နိုင်ငံခြားရေးဝန်ကြီး ဒီမီထရစ်စ် ဒရောက်စ် (Dimitris Drouts) က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

လစ်ဗျား ယာယီ နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်-အတီ အယ်လ်-အိုဘီဒီ (Abdul-Ati al-Obeidi) နဲ့ မစ္စတာ ပါပန်ဒရိုတို့ အေသင်မြို့မှာ တွေ့ဆုံ ဆွေးနွေးအပြီး ဂရိ နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးဖို့အတွက် လစ်ဗျား ဝန်ကြီးချုပ်ရဲ့ ပန်ကြားမှုနဲ့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

မစ္စတာ အိုဘီဒီဟာ လစ်ဗျားပြဿနာ အဖြေရှာဖို့အတွက် လစ်ဗျားအစိုးရရဲ့ ကြိုးပမ်းမှုတရပ် အနေနဲ့ မော်လ်တာနဲ့ တူရကီ နိုင်ငံတွေကိုလည်း သွားရောက်မှာဖြစ်ကြောင်း မစ္စတာ ပါပန်ဒရိုကို ပြောကြားခဲ့တယ်လို့လည်း လစ်ဗျား တာဝန်ခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ လစ်ဗျား အစိုးရနဲ့ အကျွမ်းတဝင်ရှိတဲ့ သံတမန်တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး နယူးယောက်ခ်တိုင်းမ်စ် သတင်းမှာ ဖော်ပြထားချက် တခုကတော့ မစ္စတာ ကဒါဖီဟာ သူ့ရဲ့ ထိန်းချုပ်မှု အောက်ကနေ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲပေးပြီး အာဏာကို စွန့်လွှတ်ဖို့အတွက် သူ့သားဖြစ်သူ ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ (Seif el-Islam Gadhafi) က ဆုံးဖြတ်ချက် တရပ်ကို အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီအဆိုပြုချက်ကို အတိုက်အခံတွေဘက်က လက်ခံပုံ မပေါ်သလို မစ္စတာ ကဒါဖီ ကိုယ်တိုင်လည်း လက်ခံပုံ မပေါ်ဘူးလို့ ဖော်ပြထားပါတယ်။

လစ်ဗျားနိုင်ငံမှာ တနင်္ဂနွေနေ့က အတိုက်အခံတပ်တွေနဲ့ အစိုးရတပ်တွေဟာ ရေနံဆိပ်ကမ်းမြို့ ဘရီဂါ (Brega) မှာ ဆက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။

XS
SM
MD
LG