သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတမန်ရေး ဆွေးနွေးမှုတွေကြားက လစ်ဗျားမှာ တိုက်ပွဲတွေ ဆက်ဖြစ်

The general view of the village of Rosow, Germany located near the Polish border, April 5, 2013.
The general view of the village of Rosow, Germany located near the Polish border, April 5, 2013.

ဗိုလ်မှူးကြီး မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ တပ်တွေနဲ့ အတိုက်အခံတွေရဲ့ တပ်ဖွဲ့တွေ အပြင်းအထန် တိုက်ခိုက်နေကြတဲ့ လစ်ဗျားရဲ့ တတိယ အကြီးဆုံးမြို့ မီစ်ရာတာ (Misrata) မြို့က တိုက်ပွဲတွေမှာ ကဒါဖီရဲ့ တပ်တွေက တင့်ကားတွေ၊ လက်ဖြောင့်သေနတ်သမားတွေရဲ့ ပစ်ခတ်မှုတွေကို အသုံးပြုပြီး မြို့ကို ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ဒီနေ့ လစ်ဗျားက အဓိက ရေနံထုတ်လုပ်ရာ ဘရီဂါ (Brega) မြို့က တိုက်ပွဲတွေမှာတော့ မြို့ထဲက တက္ကသိုလ်ဝင်းရဲ့ တဘက်စီမှာ ကဒါဖီရဲ့ တပ်တွေနဲ့ အတိုက်အခံတပ်တွေ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ကြပေမဲ့ တိုက်ပွဲဖြစ်ပွားရင် မြောက်အတ္တလန္တိတ် စစ်စာချုပ် (နေတိုး) က လေကြောင်းကနေ လာရောက် တိုက်ခိုက်မှာကို စိုးရိမ်ပြီး ကဒါဖီရဲ့တပ်တွေ ဆုတ်ခွာသွားခဲ့ကြပါတယ်။

ဂရိနိုင်ငံ အေသင်မြို့တော်ကို ရောက်ရှိလာတဲ့ ကဒါဖီရဲ့ ယာယီ နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ အတီ အယ်လ်-အိုဘီဒီ (Abdul-Ati al-Obeidi) က ဗိုလ်မှူးကြီး ကဒါဖီ အနေနဲ့ လစ်ဗျားက စစ်ပွဲတွေကို ပြီးဆုံးစေလိုနေပြီလို့ ဂရိဝန်ကြီးချုပ် ဂျော့ချ် ပါပန်ဒရို (George Papandreou) ကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ကဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ဖြေရှင်းမှုတခုကို ကဒါဖီ အစိုးရက ရှာဖွေနေပုံ ရတယ်လို့ ဂရိ နိုင်ငံခြားရေးဝန်ကြီး ဒီမီထရစ်စ် ဒရောက်စ် (Dimitris Drouts) က လစ်ဗျား ယာယီ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ နေတိုးရဲ့ အဖွဲ့ဝင် နိုင်ငံလည်းဖြစ်တဲ့ ဂရိဟာ အစဉ်အလာအားဖြင့် လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး မိုမာ ကဒါဖီနဲ့ ဆက်ဆံရေး ကောင်းမွန်ကြပြီး ကဒါဖီရဲ့ ယာယီ နိုင်ငံခြားရေးဝန်ကြီး အိုဘီဒီက သူဟာ မော်လ်တာနဲ့ တူရကီ နိုင်ငံတွေကိုပါ သွားရောက်ပြီး လစ်ဗျားအရေး ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာဖွေမယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG