သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားသူပုန်တွေ စစ်သားဖြစ်ခွင့်ရမည်

လစ်ဗျားသူပုန်တွေ စစ်သားဖြစ်ခွင့်ရမည်
လစ်ဗျားသူပုန်တွေ စစ်သားဖြစ်ခွင့်ရမည်

မိုမာဂဒါဖီကို ဖြုတ်ချရာမှာပါဝင်ခဲ့ကြတဲ့ ယခင် သူပုန်တပ်သား ထောင်ပေါင်းများစွာကို လက်နက်ဖြုတ်ပြီး လစ်ဗျားတပ်မတော်အတွင်း ခန့်ထားမယ့်အစီအစဉ်တရပ်ကို အကြီးတန်း လစ်ဗျား တာဝန်ရှိသူတွေက ပြောပါတယ်။

ယခင်သူပုန်တပ်ဖွဲ့တွေဟာ အခုအခါမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေအဖြစ် အများအပြား ရှိနေပြီး သူတို့ကို စစ်တပ်မှာ ခန့်ထားမှာဖြစ်သလို ရဲတပ်ဖွဲ့နဲ့ အရပ်ဘက်ရာထူးတွေမှာလည်း ခန့်ထားနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ စီမံကိန်းဝန်ကြီး အီဆာအယ်လ်တူဂျာ (Issa al-Tuijer) က တနင်္ဂနွေနေ့က ပြောပါတယ်။

ဇန်နဝါရီလကစပြီး ဒီအစီအစဉ်အတွက် မှတ်ပုံတင်ရမှာဖြစ်ပြီး တစ်လတာ မှတ်ပုံတင်ချိန်ကို ပေးထားမှာပါ။ စီမန်ကိန်းရဲ့ အဓိကအချက်ကတော့ နယ်ခြားစောင့်တပ် ရာထူးတွေမှာ ခန့်ထားမှာဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီး အိုစမာဂျူဝယ်လီ (Osama Juwaili) က ပြောပါတယ်။

တချို့ ယခင်သူပုန်ခေါင်းဆောင်တွေက စစ်တပ်မှာ အဆင့်မြင့်ရာထူးတွေကို ရရှိမှာဖြစ်ပါတယ်။ သူပုန် စစ်သားတွေကို စစ်တပ်မှာ ခန့်ထားရအောင် ပြည်တွင်းပြည်ပမှာ လေ့ကျင့်ပေးဖို့အတွက် နိုင်ငံတချို့နဲ့ လစ်ဗျားက ဆွေးနွေးနေပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG