သုံးရလွယ်ကူစေသည့် Link များ

နေတိုးတပ် တိုက်ခိုက်မှု လစ်ဗျားအရပ်သား ၇ ဦး သေဆုံး

  • ဗွီအိုအေ (မြန်မာဌာန)

နေတိုးတပ် တိုက်ခိုက်မှု လစ်ဗျားအရပ်သား ၇ ဦး သေဆုံး

လစ်ဗျားနိုင်ငံ ထရီပိုလီ (Tripoli) မြို့တော်က လူနေရပ်ကွက် တခုကို နေတိုး ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့က တနင်္ဂနွေနေ့မှာ ဗုံးကျဲခဲ့လို့ ကလေးတွေ အပါအဝင် အရပ်သား အနည်းဆုံး ၇ ဦး သေဆုံးသွားတယ်လို့ လစ်ဗျား အရာရှိတွေက ပြောပါတယ်။

လစ်ဗျားရဲ့ အဲဒီလို ပြောကြားချက်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေတယ်လို့ နေတိုးက ပြောပါတယ်။ နေတိုးဟာ အရပ်သားတွေရဲ့ နေအိမ်တွေကို တမင်ရည်ရွယ် ပစ်ချခဲ့တာ ဖြစ်တယ်လို့ လစ်ဗျား ဒု-နိုင်ငံခြားရေးဝန်ကြီး ခါလက်ဒ် ခါအင်မ် (Khaled Kaim) က ပြောပါတယ်။ ဒီတိုက်ခိုက်မှုက အနောက်နိုင်ငံတွေရဲ့ ရက်စက်မှုကို ပြသနေတယ်လို့လည်း သူက ဆိုပါတယ်။

ထရီပိုလီမြို့တော် အာရာဒါ (Arada) မြို့နယ်က ပျက်စီးသွားတဲ့ အဆာက်အဦး တခုမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာကို အစိုးရ အရာရှိတွေက သတင်းထောက်တွေကို ခေါ်ပြခဲ့ပါတယ်။

နေတိုးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရတယ်လို့ လစ်ဗျား အရာရှိတွေ ပြောတဲ့ လူသေအလောင်းတွေကိုလည်း သတင်းထောက်တွေ ဆေးရုံမှာ တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာ ကလေး ၂ ဦးရဲ့ ရုပ်အလောင်းတွေလည်း ပါဝင်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုတာမျိုးတော့ မရှိသေးပါဘူး။

XS
SM
MD
LG