သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရီပိုလီမှာ တိုက်ခိုက်မှုတွေ မပြီးဆုံးသေး


ထရီပိုလီမှာ တိုက်ခိုက်မှုတွေ မပြီးဆုံးသေး

လစ်ဗျားမြို့တော် ထရီပိုလီ (Tripoli) မှာရှိတဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ နေအိမ်ဝန်း အတွင်းမှာ ပစ်ခတ်မှုတွေ ဒီနေ့ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ သူပုန်တွေဟာ အဲဒီ နေအိမ်ဝန်းကို ၀င်ရောက် စီးနင်းထားပြီး အောင်ပွဲခံခဲ့ကြပါတယ်။

လစ်ဗျားနိုင်ငံမှာ အတိုက်အခံ သူပုန်တွေက လစ်ဗျားခေါင်းဆောင် ဂဒါဖီရဲ့ နေအိမ်ခြံဝန်းကို ၀င်ရောက်စီးနင်း၊ သေနတ်သမားတွေကို မောင်းထုတ်ပြီး အဲဒီမှာရှိတဲ့ လက်နက်တွေ၊ ရုပ်မြင်သံကြားစက်တွေ၊ အချို့က အမှတ်တရ ပစ္စည်းတွေကို သိမ်းယူခဲ့ကြပါတယ်။

မစ္စတာ ဂဒါဖီကို လိုက်လံ ရှာဖွေခဲ့ကြပေမဲ့ မစ္စတာ ဂဒါဖီ အခု ဘယ်ရောက်နေသလဲ ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

ရေဒီယိုလိုင်း တခုကတဆင့် အသံလွှင့် မိန့်ခွန်း လွှင့်ထုတ်ချက်မှာတော့ မြို့တော်အတွင်းက သူပုန်တွေကို ရှင်းလင်း နှိမ်နင်းဖို့ လစ်ဗျားခေါင်းဆောင် ဂဒါဖီက မြို့ခံတွေကို တိုက်တွန်းလိုက်ပါတယ်။

သူဟာ ဘယ်သူမှ မမြင်တွေ့၊ မသိလိုက်ရဘဲ ထရီပိုလီ မြို့တော်တွင်းက ချောချောမွေ့မွေ့နဲ့ ရှောင်ထွက်သွားနိုင်ခဲ့တယ်လို့ မစ္စတာ ဂဒါဖီက ပြောပါတယ်။

နေတိုး တိုက်ခိုက်မှုတွေကြောင့် မစ္စတာ ဂဒါဖီဟာ နည်းနာတရပ် အနေနဲ့ သူ့ရဲ့ ဘက်ဘ် အယ်လ် အဇီဇီယာ (Bab al-Aziziya) ခြံဝန်းကနေ ဆုတ်ခွာပေးခဲ့တာ ဖြစ်တယ်လို့ အစိုးရ လိုလားတဲ့ ရုပ်သံဌာနက အစောပိုင်းက ကြေညာသွားပါတယ်။

မစ္စတာ ဂဒါဖီဟာ လစ်ဗျားပြည်သူတွေကို ဒေသတွင်း ရုပ်သံ ရေဒီယိုလိုင်း တခုကနေ မိန့်ခွန်းပြောခဲ့တယ်လို့လည်း အယ်လ် ရိုင်း (Al-Rai) ရုပ်သံဌာနက ကြေညာပါတယ်။

သူ့အနေနဲ့ အာဇာနည် တဦးလိုပဲ အသေခံသွားမယ်၊ ဒါမှမဟုတ်ရင် နေတိုးတပ်တွေကို ရင်ဆိုင် တိုက်ခိုက်ပြီး အနိုင်ယူသွားမယ်လို့ မစ္စတာ ဂဒါဖီက ပြောဆိုခဲ့ပါတယ်။

သူပုန်တွေဟာ ထရီပိုလီမြို့တော်ကိုတော့ အခုချိန်မှာ လုံးဝ ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။

XS
SM
MD
LG