သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းချုပ် လစ်ဗျားငွေစာရင်း အရေးပေါ် လိုအပ်ချက်အတွက် ခွင့်ပြု


Pen Duick ocean racing yachts sail off the coast of Saint-Quay-Portrieux, western France during a trip at sea from Roscoff to Saint-Quay-Portrieux.
Pen Duick ocean racing yachts sail off the coast of Saint-Quay-Portrieux, western France during a trip at sea from Roscoff to Saint-Quay-Portrieux.

လစ်ဗျားနိုင်ငံမှာ လိုအပ်နေတဲ့ လောင်စာဆီ ဝယ်ဖို့နဲ့ လူမှုဝန်ဆောင်ရေး အပါအဝင် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် ထိန်းချုပ်ထားတဲ့ငွေ ဒေါ်လာသန်းပေါင်း ၁,၅၀၀ ကို ပေးဖို့ အမေရိကန်နဲ့ တောင်အာဖရိကနိုင်ငံတို့အကြား သဘောတူညီချက်တရပ် ရသွားပြီလို့ ကုလသမဂ္ဂ သံတမန်တွေက ပြောပါတယ်။

ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုအရ ထိန်းချုပ်ထားတဲ့ ငွေတွေကို လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အတိုက်အခံတွေ ဦးဆောင်တဲ့ ကြားဖြတ် အမျိုးသားကောင်စီ (NTC) ကို လွှဲပြောင်းပေးဖွယ် ရှိပါတယ်။

ပထမအသုတ် ဒေါ်လာသန်းပေါင်း ၅၀၀ ကို ပေးဖို့ တောင်အာဖရိကနိုင်ငံ အနေနဲ့ မကန့်ကွက်ပေမဲ့ ကျန်တဲ့ ဒေါ်လာ သန်း ၁,၀၀၀ လောက် ကိစ္စကိုတော့ စိုးရိမ်ချက် ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ တောင်အာဖရိက သံအမတ် ဘာဆို ဆန်ကူး (Baso Sangqu) က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။ လစ်ဗျားနိုင်ငံရဲ့ ငွေတွေဟာ လစ်ဗျားနိုင်ငံက ပိုင်ရှင်အစစ်အမှန်တွေဆီ၊ လစ်ဗျားလူထု အစစ်အမှန်ဆီ ရောက်သွားဖို့ အရေးကြီးတယ်လို့ သံအမတ် ဆန်ကူးက ပြောပါတယ်။

လစ်ဗျားလူထုကို တရားဝင် ကိုယ်စားပြုတဲ့ တခုတည်းသော ကိုယ်စားလှယ်အဖြစ် NTC အဖွဲ့ကို တောင်အာဖရိကနိုင်ငံက အသိအမှတ် မပြုသေးဘူးလို့ သံအမတ် ဆန်ကူးက ပြောပါတယ်။ ဒီအချက်ဟာ ရန်ပုံငွေတွေ လွှဲပြောင်းပေးဖို့ တွန့်ဆုတ်နေတဲ့ နောက်ထပ် အကြောင်းတခု ဖြစ်ဖွယ်ရှိပါတယ်။

ဒီအတောအတွင်းမှာပဲ လစ်ဗျားအတိုက်အခံ ကြားဖြတ် အမျိုးသားကောင်စီ (NTC) က သူတို့ရဲ့ နိုင်ငံရေး ခေါင်းဆောင်မှုကို အခိုင်အမာ ခြေကုပ်စခန်းဖြစ်တဲ့ နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီ (Benghazi) မြို့ကနေ ထရီပိုလီ (Tripoli) မြို့တော်ဆီ ရွှေ့ပြောင်းနေတယ်လို့ ပြောလိုက်ပါတယ်။

အမှုဆောင် ကော်မတီရဲ့ လုပ်ငန်းတွေကို ထရီပိုလီမြို့တော်မှာ စတင်နေပြီလို့ NTC ရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကြီးအကဲ အာလီ တာရ်ဟူနီ (Ali Tarhouni) က ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

သူ့ကို အာဏာကနေ ဖြုတ်ချဖို့ ကြိုးစားနေတဲ့ လက်နက်ကိုင်တွေကို ရင်ဆိုင်နှိမ်နင်းကြဖို့ လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီက သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းထားတဲ့ အချိန်မှာပဲ အဲဒီကြေညာချက် ထွက်လာတာပါ။

XS
SM
MD
LG