သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား ယာယီအစိုးရအတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ၀ိုင်းရပ်တည်


လစ်ဗျား ယာယီအစိုးရအတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ၀ိုင်းရပ်တည်

လစ်ဗျားသူပုန်တပ်ဖွဲ့တွေ မြို့တော် ထရီပိုလီ (Tripoli) ကို သိမ်းပိုက်လိုက်ပြီး လစ်ဗျားခေါင်းဆောင်ဟောင်း ဂဒါဖီ (Moammar Gadhafi) ဘယ်ရောက်နေမှန်း မသိဘဲ ဖြစ်နေတဲ့နောက်ပိုင်း နိုင်ငံအတွင်းက လက်ရှိ အာဏာပိုင်တွေကို အကူအညီတွေ ၀ိုင်းပေးကြဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ကတိပြုလိုက်ကြပါတယ်။

ဘဏ္ဍာရေးအရ ဒေါ်လာငွေ ဘီလီယံနဲ့ချီပြီး အကူအညီတွေ ပေးသွားမယ့်အပြင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေလည်း ပေးဖို့ ဆုံးဖြတ်ထားကြပါတယ်။ ပြင်သစ်နိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ လစ်ဗျားဆိုင်ရာ ညီလာခံအပြီး အကူအညီပေးမယ့် အစီအစဉ်ကို ကြေညာခဲ့တာပါ။

အဲဒီညီလာခံမှာ နိုင်ငံပေါင်း ၆၀ က ကိုယ်စားလှယ်တွေနဲ့ လစ်ဗျားနိုင်ငံ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (NTC) က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

လစ်ဗျားနိုင်ငံအပေါ် ထိန်းချုပ် တင်းကျပ်ထားတာတွေကို ကုလသမဂ္ဂဘက်က လျှော့ပေးသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clintona) က ပြင်သစ်ညီလာခံမှာ ကိုယ်စားလှယ်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်က ထိန်းချုပ်ထားတဲ့ လစ်ဗျားအစိုးရရဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကို ပြန်ပေးမယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောဆိုထားခဲ့ပြီး အခု အဲဒီအထဲကနေ ဒေါ်လာ သန်း ၇၀၀ ကို ပြန်ပေးလိုက်ပြီလို့ ၀န်ကြီး ကလင်တန်က ပြောပါတယ်။

အမေရိကန်၊ နယ်သာလန်နဲ့ ပြင်သစ်နိုင်ငံတွေက မစ္စတာ ဂဒါဖီ အစိုးရလက်ထက် ပိုင်ဆိုင်မှုတွေထဲက ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၅ ဘီလီယံလောက်ကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ထားကြပါပြီ။

EU ဥရောပသမဂ္ဂကလည်း သူတို့ ထိန်းချုပ်ထားတဲ့ လစ်ဗျားက ဆိပ်ကမ်းတွေ၊ ဘဏ်တွေနဲ့ စွမ်းအင်ဆိုင်ရာ ကုမ္ပဏီတွေ အပါအ၀င် စုစုပေါင်း ၂၈ ခုကို ပြန်ရုပ်သိမ်းပေးခဲ့ပြီလို့ ဆိုပါတယ်။

ပြင်သစ်က မနေ့က ကျင်းပခဲ့တဲ့ ညီလာခံမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီက တင်ပြခဲ့တဲ့ လစ်ဗျားနိုင်ငံက အရေးပေါ် လိုအပ်ချက်တွေကို အာရုံစိုက် ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂရဲ့ အရပ်ဘက် အဖွဲ့အစည်း တခုကိုလည်း လစ်ဗျားနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အမြန်ဆုံး စေလွှတ်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG