သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီသားတဦး နိုင်ဂျာရောက်လာ


ဂဒါဖီသားတဦး နိုင်ဂျာရောက်လာ
ဂဒါဖီသားတဦး နိုင်ဂျာရောက်လာ

လစ်ဗျား ခေါင်းဆောင်ဟောင်း မွမ်မာ ဂဒါဖီ (Moammar Gadhafi) ရဲ့ သား ဆာဒီကို တင်ဆောင်လာတဲ့ ကားတန်းဟာ နိုင်ဂျာ (Niger) နိုင်ငံထဲကို ဝင်လာပြီး သူ့ကို နိုင်ဂျာ စစ်တပ်ကားတွေနဲ့ လိုက်စောင့်ကြပ်ပေးနေတယ်လို့ နိုင်ဂျာအစိုးရက ပြောပါတယ်။

နိုင်ဂျာနိုင်ငံထဲကို ဝင်ရောက်လာတဲ့ လစ်ဗျား အစိုးရဟောင်းရဲ့ အဖွဲ့ဝင်တွေထဲမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ မစ္စတာ ဆာဒီ ဂဒါဖီ (Mr. Saadi Gadhafi) ဟာ လူ ၁၀ ဦးလောက် လိုက်ပါလာတဲ့ ကားတန်းနဲ့ နိုင်ဂျာနိုင်ငံထဲကို ရောက်လာပြီလို့ နိုင်ဂျာ တရားရေးဝန်ကြီး မရူး အမာဒူ (Marou Amadou) က ပြောပါတယ်။

ကားတန်းဟာ မြောက်ပိုင်း ကန္တာရဒေသက အဂါဒက်ဇ် (Agadez) မြို့ဆီ ဦးတည်သွားနေခဲ့ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်ကြီး ၃ ဦးနဲ့ မစ္စတာ ဂဒါဖီရဲ့ လုံခြုံရေးမှူး အပါအဝင် မစ္စတာ ဂဒါဖီကို သစ္စာခံသူတွေ ခိုလှုံနေကြတယ်လို့ ယူဆရပါတယ်။ သူတို့အဖွဲ့ကို ဒီသီတင်းပတ်ထဲမှာပဲ မြို့တော် နီယာမေ (Niamey) ကို ပို့ပေးဖို့ ခန့်မှန်းထားတယ်လို့ မစ္စတာ အမာဒူက ပြောပါတယ်။

နိုင်ဂျာအစိုးရက မစ္စတာ ဆာဒီ ဂဒါဖီကို ဖမ်းဆီးဖို့ လောလောဆယ် အစီအစဉ် မရှိသေးပါဘူး၊ နိုင်ငံတကာ ပြစ်မှုတရားရုံးကလည်း ဖမ်းဝရမ်း ထုတ်မထားပါဘူးလို့ သူက ပြောပါတယ်။

မစ္စတာ ဂဒါဖီရဲ့ သားဖြစ်သူ အသက် ၃၇ နှစ်အရွယ် မစ္စတာ ဆာဒီဟာ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) ရဲ့ တပ်တွေ ထရီပိုလီ (Tripoli) မြို့တော်ကို အရင်လကုန်ပိုင်းက ဝင်ရောက် သိမ်းပိုက်ပြီးတဲ့နောက်မှာ တိုက်ပွဲတွေ အဆုံးသတ်ပစ်နိုင်ဖို့အတွက် သူတို့နဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။

XS
SM
MD
LG