သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီ အမာခံစခန်းတွေ လစ်ဗျား ယာယီအစိုးရတပ် သိမ်းပိုက်

ဂဒါဖီ အမာခံစခန်းတွေ လစ်ဗျား ယာယီအစိုးရတပ် သိမ်းပိုက်
ဂဒါဖီ အမာခံစခန်းတွေ လစ်ဗျား ယာယီအစိုးရတပ် သိမ်းပိုက်

ဖြုတ်ချခံခဲ့ရတဲ့ လစ်ဗျား ခေါင်းဆောင်ဟောင်း မွမ်မာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အမာခံ နယ်မြေအဖြစ် နောက်ဆုံး ကျန်နေတဲ့ လစ်ဗျားတောင်ပိုင်း ဆာဘား (Sabha) မြို့က လေဆိပ် အပါအဝင် တခြားနေရာတွေကို လစ်ဗျား ယာယီအစိုးရရဲ့ တပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

ဆာဘားလေဆိပ်မှာရော၊ အီတာလျံ ခံတပ်ဟောင်းမှာရော တခြား ဗျူဟာကျတဲ့ အဆောက်အဦးတွေမှာပါ NTC လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီရဲ့ အလံတွေကို လွှင့်ထူထားတယ်လို့ NTC စစ်တပ် ပြောခွင့်ရ ဗိုလ်မှူးကြီး အာမက် ဘာနီ (Ahmed Bani) က တနင်္လာနေ့မှာ ပြောပါတယ်။

ထရီပိုလီ (Tripoli) မြို့တော်ရဲ့ တောင်ဘက် မိုင် ၄၀၀ ကျော် အကွာက ဆာဘားမြို့ဟာ မစ္စတာ ဂဒါဖီရဲ့ အဖွဲ့သားတွေ အိမ်နီးချင်း နိုင်ဂျာနိုင်ငံဘက် ထွက်ပြေးခိုလှုံရာ လမ်းကြောင်းကို အဓိက ထိန်းချုပ်တဲ့လမ်းမ ဖြစ်ပါတယ်။

NTC တပ်တွေဟာ ဂဒါဖီ သစ္စာခံတပ်တွေကို ဘန်နီ ဝါလစ် (Bani Walid) ကရော၊ ဆာတီ (Sirte) မြို့တွေကပါ တိုက်ထုတ်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားနေသလို သူတို့တပ်တွင်း စည်းလုံးမှု ပျက်ပြားအောင်ပါ လုပ်ဆောင်နေပါတယ်။

ဒါကြောင့် ဆာဘားဒေသ ချေမှုန်းနိုင်မှုတွေဟာ လစ်ဗျား တော်လှန်ရေးတပ်တွေ အားတက်စေဖို့အတွက် အရေးပါပါတယ်။

ကုလသမဂ္ဂကတော့ ဗြိတိသျှ သံတမန်တဦးလည်းဖြစ်၊ လူ့အခွင့်အရေး လှုပ်ရှားသူ တဦးလည်းဖြစ်တဲ့ အီယန် မာတင် (Ian Martin) ကို လစ်ဗျားအရေး ဆောင်ရွက်မယ့် အဖွဲ့ကို ဦးဆောင်ဖို့အတွက် ရွေးချယ်လိုက်ပါတယ်။ သူဟာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်းတဦး ဖြစ်ပြီး နီပေါဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG