သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Libya က Al Qaida အကြမ်းဖက်သမားကို နယူးရောက်မှာ ရုံးတင်


FBI က အလိုအရှိဆုံး အကြမ်းဖက်သမားလို့ စွပ်စွဲခံရသူ Abu Anas al-Libi ။
FBI က အလိုအရှိဆုံး အကြမ်းဖက်သမားလို့ စွပ်စွဲခံရသူ Abu Anas al-Libi ။
လစ်ဗျားနိုင်ငံမှာ အမေရိကန်အထူးတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်သမားလို့ သံသယရှိသူဟာ အခု ရုံးတင်စစ်ဆေးခံဖို့အတွက် နယူးယောက်မြို့ကို ရောက်နေပြီလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားဖြစ်တယ်လို့ သံသယဖြစ်ခံရသူ Abu Anas al-Libi ဟာ အောက်တိုဘာလ ၅ ရက်နေ့တုန်းက အမေရိကန်စစ်ဆင်ရေးတစ်ခု အတွင်းမှာ ဖမ်းဆီးခံရတာဖြစ်ပြီးတော့ အဲဒီနောက်ပိုင်း အမေရိကန်စစ်သင်္ဘော တစ်စင်းပေါ်မှာ ထိန်းသိမ်းခံထားရတာပါ။

Abu Anas al-Libi ကို နယူးယောက်မြို့ကို ခေါ်လာပြီလို့ နယူးယောက်မြို့ရဲ့ အစိုးရ ရှေ့နေချုပ်ဖြစ်တဲ့ Preet Bharara က ပြောပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာ သူ့ကို ရုံးတင်မယ်လို့ သိရပါတယ်။ အယ်လ်လီဘိုင်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်ကတည်းက နယူးယောက် တရားရုံးမှာ စွဲချက်တင်ခံထားရတာပါ။

၁၉၉၈ ခုနှစ်အတွင်းက ကင်ညာနဲ့ တန်ဇန်နီးယားက အမေရိကန်သံရုံးတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်ဆောင်ရွက်ရေးမှာ အကူအညီပေးခဲ့သူဆိုပြီး စွပ်စွဲခံထားရပါတယ်။ သူဟာ FBI ထောက်လှမ်းရေးဗျူရိုရဲ့ အလိုအရှိဆုံး အကြမ်းဖက်သမား စာရင်းထဲမှာလည်း ပါပါတယ်။ ဒါပေမဲ့ သူ့မိသားစုကတော့ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်မှုမရှိဘူးဆိုပြီး ငြင်းဆန်နေပါတယ်။

သူ့ကို အမေရိကန်ပြင်ပ၊ အမေရိကန်စစ်သင်္ဘောပေါ်မှာ ရှိနေစဉ် ထောက်လှမ်းရေး တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူဟာ စစ်ကြောရေးမှာ ဘယ်လိုဖြေဆိုသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
XS
SM
MD
LG