သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး အာရပ်အဖွဲ့ချုပ်ထောက်ခံ


လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး အာရပ်အဖွဲ့ချုပ်ထောက်ခံ
လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး အာရပ်အဖွဲ့ချုပ်ထောက်ခံ

အာရပ်နိုင်ငံများအဖွဲ့ချုပ်က လစ်ဗျားနိုင်ငံကို လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ဖို့ထောက်ခံကြောင်း ပြောကြားလိုက်ပါတယ်။ ကိုင်ရိုမှာ အာရပ်နိုင်ငံများအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၂ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးအပြီး စနေနေ့မှာ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ကြေညာလိုက်တာပါ။

လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အာရပ်အဖွဲ့နိုင်ငံများ အဖွဲ့ချုပ်က ပန်ကြားမှာဖြစ်ကြောင်းနဲ့ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီရဲ့အစိုးရဟာ တရားဝင်မှုမရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့မှာ ခြေကုပ်ယူထားတဲ့ အတိုက်အခံအဖွဲ့ဖြစ်တဲ့ လစ်ဗျား နိုင်ငံတော်ကောင်စီနဲ့ ဆွေးနွေးပြောဆိုမှုတွေလုပ်မယ်လို့လည်း အာရပ်နိုင်ငံများအဖွဲ့ချုပ်က ကြေညာပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူက အဖွဲ့ချုပ်ရဲ့ကြေညာချက်ကို ကြိုဆိုလိုက်ပါတယ်။ ဒါဟာ လစ်ဗျားက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရမယ်ဆိုတဲ့ အချက်ကို နိုင်ငံတကာအသိုက်အဝိုင်းက တညီတညွတ်တည်း ပြသခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။ စနေနေ့အစောပိုင်းမှာ နိုင်ငံတော်ကောင်စီအကြီးအကဲ မာစတာဖာအက်ဘ်တာ ဂျလေး က လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုံ သတ်မှတ်တာကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

လစ်ဗျားအစိုးရတပ်တွေဟာ အတိုက်အခံလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံအနောက်ပိုင်းက တခုတည်းကျန်နေတဲ့ မစ်ဆူရာတာမြို့ကို သိမ်းပိုက်ဖို့လုပ်နေပါတယ်။

ထရစ်ပိုလီမြို့တော်နဲ့ မိုင် ၁၂၅ လောက်မှာရှိတဲ့ဒီမြို့ကို စနေနေ့က လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီရဲ့ သစ္စာခံတပ်တွေက လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံအရှေ့ပိုင်းမှာ ကဒါဖီလိုလားတဲ့တပ်တွေက အတိုက်အခံတွေကိုနိုင်နေတဲ့အပေါ် အောင်ပွဲခံနေကြတာလည်း တွေ့ရပါတယ်။

XS
SM
MD
LG