သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားမြို့တော် ဗုံးကြဲတိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှုမြောက် ကုလယူဆ


လစ်ဗျားမြို့တော် ဗုံးကြဲတိုက်ခိုက်ခံရ
လစ်ဗျားမြို့တော် ဗုံးကြဲတိုက်ခိုက်ခံရ

လစ်ဗျားနိုင်ငံမြို့တော်မှာ အင်္ဂါနေ့ညတုန်းက လူအများအပြား သေဆုံးခဲ့တဲ့ ဗုံးကြဲ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုကြောင့် လူ ၄၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး၊ သေဆုံးသူ အရေအတွက်ဟာ ၅၅ ယောက်လောက်အထိ ရှိခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

တိုက်ခိုက်မှုကြုံခဲ့ရတဲ့ ထရီပိုလီမြို့တော် ဆင်ခြေဖုံးက ထိန်းသိမ်းရေးစခန်းမှာတော့ တညလုံး အစားအသောက်နဲ့ ရေပြတ်လတ်မှုတွေ ကြုံခဲ့ရတဲ့ အသက်မသေ ကျန်နေသူတွေက စုံစမ်းစစ်ဆေးသူတွေ ဒီကနေ့ အပျက်အစီးတွေကြား ရှာဖွေနေတာကို ဝိုင်းကြည့်နေကြပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး မှုခင်းစုံစမ်းသူတွေ စစ်ဆေးနေသလို၊ သတိလစ်မေ့မျောနေသူတွေ အပါအဝင် ဒဏ်ရာရသူတွေကိုလည်း ဆေးရုံမှာ ကုသပေးနေပါတယ်။

အင်္ဂါနေ့ည ၁၁ နာရီခွဲလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းလည်း အသက်မသေ ကျန်သူတွေက ပြောခဲ့ကြသလို၊ ဒီမတိုင်ခင် သီတင်းပတ်တွေမှာလည်း ထိန်းသိမ်းရေးစခန်းအပေါ်မှာ အဝေးထိန်း ဒရုန်းယာဉ်တွေ ပျံသန်းနေတဲ့ အသံတွေကို ပုံမှန်ကြားခဲ့ရတယ်လို့လည်း ပြောကြပါတယ်။ လစ်ဗျားအာဏာပိုင်တွေကတော့ နိုင်ငံအရှေ့ပိုင်းမှာ စစ်တပ်ကို ထိန်းချုပ်ထားတဲ့ Khalifa Haftar ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း ပြောဆိုထားကြတာပါ။ စစ်ခေါင်းဆောင် Haftar ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေဟာ မြို့တော်မှာအခြေစိုက်ထားတဲ့ နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျားအစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ အခုဆိုရင် ၃ လအထိ ရှိနေပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG