သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအာဏာရှင် တော်လှန်ရေး အဆုံးသတ်နေ့ ကျင်းပ


လစ်ဗျားအာဏာရှင် တော်လှန်ရေး အဆုံးသတ်နေ့ ကျင်းပ

လစ်ဗျားနိုင်ငံရဲ့ ယာယီအုပ်ချုပ်ရေး အစိုးရခေါင်းဆောင်တွေက အာဏာရှင် မိုမာဂဒါဖီကို ဖြုတ်ချရေး ကြိုးပမ်းတဲ့ လူထုလှုပ်ရှားမှုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ တရားဝင် အဆုံးသတ်ဖို့ရှိနေပါတယ်။ လအတန်ကြာခဲ့တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး တော်လှန်ရေးကို စနစ်တကျ အဆုံးသပ်လိုက်တာက ၄၂ နှစ်ကြာ ဂဒါဖီ အုပ်ချုပ်ရေးကို အဆုံးသတ်ပြီးတဲ့နောက် ရွေးကောက်ပွဲကျင်းပဖို့ အခြေခံဥပဒေသစ် ရေးဆွဲဖို့နဲ့ အစိုးရသစ် ဖွဲ့စည်းနိုင်ဖို့ လမ်းဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

အဓိက အခမ်းအနားကို နိုင်ငံရဲ့ အရှေ့ပိုင်းမှာရှိပြီး ဂဒါဖီအစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ အချက်အချာ အရေးပါခဲ့တဲ့ ဘန်ဂါဇီမြို့မှာ ကျင်းပမှာဖြစ်တယ်လို့ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ NTC ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံအနှံ့မှာလည်း အခမ်းအနားတွေ ကျင်းပကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဆာ့(တ်)မြို့မှာ ဂဒါဖီ သေဆုံးသွားပြီးတဲ့နောက် ၃ ရက်အကြာမှာ အခုလို အခမ်းအနား ကျင်းပကြတာဖြစ်ပါတယ်။

လက်ကိုင်ဖုန်းတွေနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေမှာ ဂဒါဖီဟာ ဒဏ်ရာရထားပြီး အသက်ရှိနေပါတယ်။ ဒါပေမဲ့ ဆေးရုံရောက်တဲ့အခါမှာ သေဆုံးနေပြီလို့ ဆိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရိုက်သတ်လို့ သေရတာဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဂဒါဖီသေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာက တောင်းဆိုနေပါတယ်။ NTC တာဝန်ရှိသူတွေကတော့ ဂဒါဖီရဲ့ ရုပ်အလောင်းကို ဘယ်အချိန် ဘယ်နေရာမှာ သဂြုင်္ိဟ်မယ်ဆိုတာကို စဉ်းစားနေကြတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG